North America
အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် တွင် လေဆင်နှာမောင်း တိုက်ခတ်ခံရသဖြင့် ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိ
ဟူစတန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် ဟူစတန် ဒေသ သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြင်းထန်စွာ မိုးရွာသွန်းခြင်း နှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်း ကိုခံခဲ့ရပြီး ပြင်းထန်စွာ မိုးရွာသွန်းမှု ကြောင့် ကားမတော်တဆမှု ဖြစ်ပွားကာ တစ်ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အမေရိကန် နိုင်ငံ အမျိုးသား မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ဟူစတန် ဒေသ ကို အနည်းဆုံး လေဆင်နှာမောင်း ၆ ခု တိုက်ခတ်ခြင်း ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားစေခဲ့ကြောင်း သိရှိခဲ့ရပြီး တက္ကဆက်ပြည်နယ် Van Vleck မြို့တွင် လေတိုက်နှုန်း တစ်နာရီ ၁၆၀ ကီလိုမီတာ ရှိသည့် လေဆင်နှာမောင်း တိုက်ခတ်ကာ နေအိမ် ၊ အဆောက်အဦး နှင့် ကားများသည် လေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ပြင်းထန်စွာ မိုးရွာသွန်းခြင်း နှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ကြောင့် ဟူစတန် ဒေသ ရှိ အိမ်ခြေပေါင်း ၂၅,၀၀၀ ခန့်သည့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပြီး လေဆိပ် နှစ်ခု၏ လေယာဉ် ခရီးစဉ်ပေါင်း ၁၅၀ ခုကိုလည်း ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရသည်။(Xinhua)