Connect with us

North America

ချီကာဂိုမြို့လယ်၌ ရာပေါင်းများစွာသောပြည်သူများ သမ္မတဒေါ်နယ်ထရမ့်အားကန့်ကွက်ဆန္ဒပြ

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ကန့် ကွက်ဆန္ဒပြနေကြစဉ် (ဆင်ဟွာ)

ချီကာဂို ၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံချီကာဂိုမြို့လယ်၌ ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက ရာပေါင်းများစွာသော ပြည်သူများ စုဝေးရောက်ရှိလာပြီး တရားဝင် စာရွက်စာတမ်းမရှိဘဲ အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်သည့် သမ္မတဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း အမိန့်အား ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ရာပေါင်းများစွာသော ဆန္ဒပြသူများသည် ထရမ့်တာဝါမှ ချီကာဂိုမြစ်ကိုဖြတ်ကူးသည့် Wacker မြစ်ကူးတံတားထိ စုဝေးရောက်ရှိကာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် လမ်းမကြီးအတိုင်း ဖက်ဒရယ်ပလာဇာ ဘက်သို့ဦးတည်၍စတင် ဆန္ဒပြခဲ့ကြသည်။၎င်းတို့သည် သမ္မတဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ကန့်ကွက်သည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ဆန္ဒပြသူများထဲတွင် ရွှေ့ပြောင်းလုပ်သားများ ၊ မွတ်စလင်များ ၊ အသားအရောင်မတူညီသူများ ၊ လိင်တူချစ်သူများ ၊ အလုပ်သမား နှင့် ဆင်းရဲသားများ ပါဝင်ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးဖြစ်သူ Colin က “ ကျမ ဒီကို ဘာလို့လာခဲ့လဲဆိုရင် မတူကွဲပြားမှုကို လက်ခံဖို့ပဲ။ ဒီလို အတင်းအကြပ်လုပ်တာမျိုးဟာ ကျမတို့ပြည်သူတွေအတွက် OK မဟုတ်ဘူးဆိုတာကို ပြချင်ပါတယ်။ ရွှေ့ပြောင်းအခြေချတွေကို ဝင်ခွင့်ပြုသင့်တယ် ” ဟု ဆိုသည်။

ထို့ပြင် ဆန္ဒပြသူများက သမ္မတဒေါ်နယ်ထရမ့်၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမူဝါဒ ပြန်လည်းသုံးသပ်ရေး ၊ လိင်ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးရရှိရေး နှင့် အခြားကိစ္စရပ်များကိုလည်း တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.