Connect with us

North America

အနှစ်သက်ဆုံး နေရာတွေကို မျှဝေနိုင်ဖို့ လုပ်ဆောင်ချက်အသစ် ဂူဂဲလ်မြေပုံ ထုတ်ပြန်

ဂူဂဲလ်မြေပုံဖြင့် လန်ဒန် တံတား တည်နေရာအား ပြသထားစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဂူဂဲလ် မြေပုံ (Google Maps) မှ သုံးစွဲသူများအတွက် မိမိ အနှစ်သက်ဆုံး နေရာများအား စာရင်း ပြုစုနိုင်ခြင်းနှင့် မျှဝေခြင်း (Share) အတွက် အစီအစဉ် (Feature) အသစ် တစ်ခုကို ၎င်း၏ အပလီကေးရှင်း (Application) ထည့်သွင်း မိတ်ဆက်လိုက်ကြောင်း သိရသည်။

ဥပမာအားဖြင့် BBQ ဆိုင် တစ်ခုအား သင်က စိတ်ဝင်စားသည် ဆိုပါစို့။ ဂူဂဲလ် မြေပုံပေါ်၌ အဆိုပါ နေရာအား ထိ (Tapping) လိုက်ကာ သိမ်းဆည်း (Save) ကာ အမှတ်အသားပြုထားပြီး သွားချင်သည့် နေရာ “Want to Go” သို့မဟုတ် အနှစ်သက်ဆုံးနေရာများ “Favorites” အဖြစ် စာရင်း ပြုစုထားနိုင်သည်။ ယခုလို စာရင်း ပြုစု သိမ်းဆည်းထားပါက ယင်းနေရာအနီးတဝိုက်သို့ သင် ရောက်ရှိခဲ့ပါက မြေပုံပေါ်တွင် ပေါ်လာမည် ဖြစ်သည်။

သင့်အား ထို လုပ်ဆောင်ချက်အသစ်ကို သိမ်းဆည်းခြင်း သို့မဟုတ် Followed လုပ်ခိုင်းပေးလိမ့်မည် ဖြစ်ပြီး သင့် မိတ်ဆွေများအား စာပို့ခြင်း၊ အီးမေးလ်၊ လူမှုကွန်ရက်များနှင့် မက်ဆေ့ချ် အက်ပ်များမှ တစ်ဆင့် မိတ်ဆွေများအား သင်နှစ်သက်သောနေရာများအား မြင်တွေ့စေမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.