North America
အမေရိကန် ရီပက်ဘလစ်ကန် ပါတီအတွက် သမ္မတလောင်းပြိုင်ပွဲမှ ဂျွန်ကဆစ် နှုတ်ထွက်

ဝါရှင်တန်၊ မေ ၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိုဟိုင်းအိုး ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကဆစ် (John Kasich) သည် ရီပက်ဘလစ်ကန် ပါတီအတွက် အမေရိကန် သမ္မတလောင်းပြိုင်ပွဲမှ နှုတ်ထွက်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် နယူးယောက် ဘီလျံနာ သူဋ္ဌေးကြီး ဒေါ်နယ် ထရမ့်မှာ ရီပက်ဘလစ်ကန် သမ္မတလောင်း ပြိုင်ပွဲ၌ ပြိုင်ဘက်မရှိ ဖြစ်လာခဲ့သည်။
ယင်း ကိစ္စနှင့် စပ်လျဉ်း၍ ကြေညာချက် တစ်စောင် ထုတ်ပြန်လိမ့်မည် ဖြစ်ကြောင်း ကဆစ်၏ ပြောရေးဆိုခွင့်ရှိ သူက ဆိုသည်။
ရီပက်ဘလစ်ကန် ပါတီအတွင်း သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသည့် တက္ကဆက် အထက်လွှတ် တော်အမတ် တက်ခ် ခရုဇ်သည်လည်း ကိုယ်စားလှယ်လောင်းများ အတွက် အရေးပါသော အင်ဒီးယားနား ပရိုင် မာရီ (Primary) တွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် မေလ ၃ ရက်ညတွင် သမ္မတလောင်း ရွေးချယ်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
၎င်းတို့နှစ်ဦး နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းနှင့်အတူ အင်ဒီးယားနား ပရိုင်မာရီမတိုင်မီ မဲအသာ ရရန်အတွက် စည်းရုံးခဲ့သည့် ဒေါ်နယ် ထရမ့်အား ပူးတွဲ ဖြုတ်ချရေး ဗျူဟာမှာလည်း ဆုံးခန်းတိုင်ခဲ့သည်။
ပြိုင်ပွဲတလျှောက် ကဆစ်သည် ၎င်း၏ ပြည်နယ်ဖြစ်သည့် အိုဟိုင်းအိုး ပြည်နယ် တစ်ခုတည်း၌သာ အနိုင်ရရှိခဲ့ ပြီး ဒေါ်နယ် ထရမ့်အား ထောက်ခံသူ ကိုယ်စားလှယ်ပေါင်း ၉၀၀ ဝန်းကျင်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒေါ်နယ် ထရမ့်သည် ရီပက်ဘလစ်ကန် ပါတီဘက်မှ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းမည့် တစ်ဦးတည်းသောသူ ဖြစ်လာခဲ့သည်။ (Xinhua)