Connect with us

North America

အမေရိကန်သို့ သွားရောက်မည့် ကျူးဘား ရွှေ့ပြောင်း နေထိုင်သူများကို ပနားမား က မက္ကဆီကိုသို့ လွှဲပြောင်းပေးမည်

ကျူးဘား ရွှေ့ပြောင်း နေထိုင်သူများ လိုက်ပါလာသည့် လှေတစ်စင်းအား မနားမား အာဏာပိုင်များ စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ပနားမား ၊ မေ ၈ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံမှ တဆင့် အမေရိကန် နိုင်ငံသို့ သွားရောက်မည့် ကျူးဘား ရွှေ့ပြောင်း နေထိုင်သူ ၃,၄ဝဝ ဦး အား ပနားမား ပိုင်နက်အတွင်း စာရွက်စာတမ်း သက်သေ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ဖြတ်ကျော် ဝင်ရောက်မှုဖြင့် ထိန်းသိမ်းထားရာမှ ၎င်းတို့အား ပနားမားနိုင်ငံက မက္ကဆီကို နိုင်ငံသို့ မေလ ၈ ရက် နံနက်ပိုင်းတွင် ပြန်လည် ပို့ဆောင် သွားမည် ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများ က ပြောသည်။

“Chiriqui ပြည်နယ်ထဲ ရောက်နေတဲ့ ကျူးဘား ရွှေ့ပြောင်း နေထိုင်သူ ထောင်ပေါင်းများစွာကို မေလ ၉ ရက်က စပြီး ပြန်ပို့ဖို့မျှော်လင့်ထားတယ်” ဟု La Prensa နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။

ကျူးဘား နိုင်ငံသား ၂၅ဝ ဦး ပါဝင်မည့် ပထမ အသုတ်ကို Pannama Copa လေကြောင်းလိုင်းဖြင့် အမေရိကန် ပြည်ထောင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မက္ကဆီကို မြို့တစ်မြို့သို့ ပို့ဆောင်သွားမည်ဟု La Estrella နေ့စဉ် သတင်းစာက ဆိုသည်။

ပနားမား အစိုးရ တာဝန်ရှိသူများ အနေဖြင့် အဆိုပါရွှေ့ပြောင်း လုပ်သားများ အတွက် လိုအပ်သော စာရွက်စာတမ်းများ နှင့် ဆေးစစ်ချက်များကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ထိုသူများ မက္ကဆီကို နိုင်ငံမှ တဆင့် အမေရိကန် ပြည်ထောင်စု ထဲသို့ ဝင်ရောက်နိုင်အောင် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပေးသွားမည်ဟု သတင်းစာက ဆိုသည်။

ပနားမား ပြည်သူ့ကာကွယ်ရေး ယူနစ် ညွှန်ကြားရေးမှူးချုပ် JoseDonderis က ကျူးဘား ရွှေ့ပြောင်း နေထိုင်သူများ အနေဖြင့် လေယာဉ် လက်မှတ် ဝယ်ရန် ငွေကြေးကို ပေးဆောင်ရမည်ဟု ဆိုသည်။

၎င်းကျူးဘား ရွှေ့ပြောင်း နေထိုင်သူများသည် အမေရိကန် နိုင်ငံသို့ ဝင်ရောက်ခွင့် အိပ်မက်အတွက် ပမားနားနိုင်ငံ Chiriqui ပြည်နယ်တွင် ၅ လကျော် စောင့်ဆိုင်း ခဲ့ရကြောင်း သိရသည်။ ဗဟို အမေရိကန် နိုင်ငံငယ် တစ်ခုဖြစ်သည့် ကျူးဘား နိုင်ငံမှ ရွှေ့ပြောင်း နေထိုင်သူများ ဝင်ရောက်လာခြင်းကို လူသားခြင်း စာနာမှု အကူအညီများ ပေးရန် ကန့်သတ်ထားသည့် အမေရိကန် နိုင်ငံ၏ ဥပဒေအပေါ် ဝေဖန် ရှုတ်ချမှုများ ရှိနေသည်။

သို့သော်လည်း အမေရိကန် အစိုးရကမူ ၎င်းတို့၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ပြင်ဆင်သွားရန် အစီအစဉ် မရှိကြောင်း ပြောခဲ့သည်။ (Xinhua)