North America
အိမ်ဖြူတော်အနီးတွင် လက်နက်များသယ်ဆောင်လာသည့် ကားတစ်စီးမှ အမျိုးသားတစ်ဦးကို ဖမ်းဆီး

ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ရဲအရာရှိဟောင်းတစ်ဦးသည် အိမ်ဖြူတော်အနီး အပေါ့သွားနေစဉ် ရဲတပ်ဖွဲ့က ၎င်းအား တားဆီးခဲ့ပြီးနောက် ၎င်း၏ ကားအတွင်း၌ တိုက်ခိုက်ရေးလက်နက်များအပါအဝင် အနည်းဆုံး လက်နက် ၉မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
Timothy Joseph Bates (၃၇နှစ်) သည် အမေရိကန်နိုင်ငံ တောင်ပိုင်း Tennessee ပြည်နယ် မှ ဖြစ်ပြီး တရားမဝင် လက်နက်များ လက်ဝယ်ကိုင်ဆောင်ထားမှု၊ တရားမဝင် လက်နက်များ သယ်ယူပို့ဆောင်မှု အပါအဝင် အခြား လက်နက်ဆိုင်ရာ ပြစ်မှုများ နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အိမ်ဖြူတော်၏ အနောက်ဘက်ခြမ်းအနီးတွင် အပေါ့သွားနေသည့် Bates အား စက်တင်ဘာ ၂၄ရက် နံနက် ရး၁၅နာရီတွင် ယူနီဖောင်းဝတ် အမေရိကန်ရဲတပ်ဖွဲ့ဝင်တစ်ဦးက တားဆီးခဲ့ကြောင်း ဝါရှင်တန်ပို့စ် ကဖော်ပြခဲ့သည်။
Bates က ရဲအရာရှိအား ၎င်းသည် လစာချက်လက်မှတ်များပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ရေတပ်ဗိုလ်ချုပ်ကြီး Mike Rogers နှင့် ဗိုလ်ချုပ်ကြီး Jim Mattis တို့ထံမှ အကြံတောင်းခံရန် အိမ်ဖြူတော်သို့ လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Memphis ရဲဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Louis Brownlee က Bates သည် ဝါရှင်တန်မြို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် တာဝန်မှ အနားယူခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)