Connect with us

North America

အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် စစ်ကြေညာခြင်း မဟုတ်ကြောင်း ပြောကြား

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sanders အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အိမ်ဖြူတော် က စက်တင်ဘာ ၂၅ ရက်နေ့၌ အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား စစ်ကြေညာခြင်း မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sanders က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား အား စစ်ကြေညာထားခြင်း မရှိဘဲ အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား စစ်ကြေညာထားသည် ဟု ယူဆ သည့် အတွေးအခေါ်များသည် အဓိပ္ပါယ် မရှိကြောင်း ပြောကြား ခဲ့သည်။

Sanders က အမေရိကန် နိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ် အရေး နှင့် ပတ်သက်၍ ရည်ရွယ်ချက် ပြောင်းလဲခြင်း မရှိဘဲ ငြိမ်းချမ်းစွာဖြင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ဖြစ်တည်ရန် ကြိုးပမ်းနေကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ရည်ရွယ်ချက်အောင်မြင်ရန် အတွက် စီးပွားရေး ပိတ်ဆို့မှု နှင့် နိုင်ငံခြားရေး ဖိအားပေးမှု တို့ကို အကြီးမား ဆုံး အတိုင်းအတာ အထိ ဆောင်ရွက်ခြင်းဖြင့် အောင်မြင်အောင် ပြုလုပ်မည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က နယူးယောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာ အနေဖြင့် အမေရိကန် နိုင်ငံ မှ မြောက်ကိုရီးယား နိုင်ငံ ကို ဦးစွာ စစ်ကြေညာခဲ့သည် ကို ကောင်းစွာ မှတ်မိကြမည် ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တုံ့ပြန်ဆောင်ရွက်မှု များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ တုံ့ပြန်ဆောင်ရွက်မှု များတွင် မြောက်ကိုရီးယား နိုင်ငံ လေပိုင်နက်အတွင်းရောက်ရှိလာသည့် အမေရိကန် နိုင်ငံ ဗုံးကြဲလေယာဉ် များကို ပစ်ချမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က စက်တင်ဘာ ၂၃ ရက်နေ့၌ အမေရိကန် နိုင်ငံ မှ ဗုံးကြဲလေယာဉ် အများအပြား သည် တိုက်လေယာဉ် များ၏ ကာကွယ်မှု အောက်တွင် မြောက်ကိုရီးယား နိုင်ငံ အရှေ့ပိုင်း ပင်လယ်ပြင် သို့မဟုတ် ဝေဟင် တွင် ပျံသန်းမှု ပြုလုပ်ခဲ့ပြီး ဆယ်စုနှစ် တစ်ခု အတွင်း မြောက်ကိုရီးယား နိုင်ငံ သို့ အနီးကပ်ဆုံး ပျံသန်း မှု ပြုလုပ် ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံ အစိုးရ သည် မြောက်ကိုရီးယား နှင့် ပတ်သက်၍ သဘောထား အလွန်တင်းမာ ခဲ့ပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှလည်း အမေရိကန် နိုင်ငံ ၏ ဗုံးကြဲ လေယာဉ် များ ယခု ကဲ့သို့ အနီးကပ် ပျံသန်း ခဲ့ခြင်းသည် မြောက်ကိုရီးယား နိုင်ငံ ၏ ထင်ရာစိုင်း လုပ်ကိုင်ဆောင်ရွက်မှု များကို လွန်စွာ အလေးထား စောင့်ကြည့် နေသည် ကိုဖော်ပြ လိုခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည်လည်း စက်တင်ဘာ ၁၉ ရက်နေ့၌ ကုလသမဂ္ဂ ညီလာခံ တွင် မြောက်ကိုရီးယား နိုင်ငံ ကို အလုံးစုံ ဖျက်ဆီး မည်ဟု ပြောကြားခဲ့ပြီး ၂၁ ရက်နေ့တွင်လည်း မြောက်ကိုရီးယား နိုင်ငံ အပေါ် ဖိအားပေးမှု များတိုးမြှင့်ဆောင်ရွက်ကာ ပိတ်ဆို့အရေးယူမှု အသစ်များကိုလည်း ဆောင်ရွက်ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ ဖိအားပေး ဆောင်ရွက်မှု များနှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအမ်း က စက်တင်ဘာ ၂၂ ရက်နေ့၌ ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပြီး ဒေါ်နယ်ထရမ့် ၏ နိုင်ငံတကာ ရှေ့တွင် မြောက်ကိုရီးယား နိုင်ငံ အား သိက္ခာကျအောင် ဆောင်ရွက်မှု အပေါ် အပြင်းထန်ဆုံးသော တုံ့ပြန် ဆောင်ရွက်မှု များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.