Connect with us

North America

အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာန က မြောက်ကိုရီးယား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အသစ် များ ထပ်မံ ကြေညာ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က စက်တင်ဘာ ၂၆ ရက်နေ့၌ မြောက်ကိုရီးယား နိုင်ငံ ၏ လူအစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထောက်ခံအားပေး ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံ မှ ဘဏ် ၈ ခု နှင့် လူပုဂ္ဂိုလ် ၂၆ ဦး ကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက်အရ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခံရသည့် လူပုဂ္ဂိုလ် များသည် မြောက်ကိုရီးယား နိုင်ငံ ဘဏ်များ ၏ ပြည်ပ ကိုယ်စားလှယ်များဖြစ်ကြပြီး ၎င်းတို့၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံး ကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး က အမေရိကန် နိုင်ငံ အနေဖြင့် ယခု ပြုလုပ်သည့် ပိတ်ဆို့အရေးယူမှု သည် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် တွန်းအား ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က လတ်တလော ရက်ပိုင်းတွင် ကုလသမဂ္ဂ ညီလာခံ ၌ မြောက်ကိုရီးယား နိုင်ငံ ကို အလုံးစုံ ဖျက်ဆီး မည် ဟုပြောကြားခဲ့ပြီးနောက်တွင် စက်တင်ဘာ ၂၁ ရက်နေ့၌ မြောက်ကိုရီးယား နိုင်ငံ အပေါ် ဖိအားပေးဆောင်ရွက်မှု များတိုးမြှင့်ကာ ပိတ်ဆို့အရေးယူမှု အသစ်များလည်း ဆောင်ရွက်ခဲ့သည်။မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအမ်း မှလည်း တုံ့ပြန်ဆောင်ရွက်မှုများကို ခိုင်မြဲစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.