Connect with us

North America

ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမားအဖြစ် ဖက်ဒရာ ရပ်တည်

၂၀၁၉ ခုနှစ် ATP Shanghai Masters တင်းနစ်ပြိုင်ပွဲတွင် အောင်ပွဲခံနေသည့် ဆွစ်ဇာလန် နိုင်ငံမှ တင်းနစ်ကစားသမား ရော်ဂျာ ဖက်ဒရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရော်ဂျာ ဖက်ဒရာ (Roger Federer) သည် အခွန်မပေးဆောင်မီ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၆.၃ သန်းဖြင့် Forbes ၏ ၂၀၂၀ ပြည့်နှစ် ဝင်ငွေအများဆုံး အားကစားသမားများစာရင်း ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

ယင်းသည် ဆွစ်ဇာလန်နိုင်ငံသား တင်းနစ် အကျော်အမော်တစ်ဦးက နှစ်စဉ်စာရင်းတွင် ပထမဆုံးအကြိမ် ထိပ်ဆုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်း၏ဝင်ငွေတွင် ဆုကြေးငွေ ဒေါ်လာ ၆.၃ သန်းနှင့် ကြော်ငြာနှင့် ရုပ်သံရိုက်ကူးမှုမှ ရရှိသောဝင်ငွေ ဒေါ်လာ သန်း ၁၀၀ အပါအဝင်ဖြစ်သည်။ 

Forbes ၏ စာရင်းတွင် ပေါ်တူဂီ ဘောလုံးကြယ်ပွင့် ခရစ္စတီရာနို ရော်နယ်ဒိုက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ဒုတိမြောက်နေရာတွင် ရပ်တည်နေခဲ့သည်။ ၎င်း၏နောက်တွင် အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၄ သန်းဖြင့် တတိယနေရာတွင် ရှိခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.