Connect with us

North America

ချီကာဂိုမြို့၌ ညလုံးပေါက်ဆန္ဒပြမှုများဖြစ်ပွား ၊ အပစ်ခံရ၍ လူ၂ ဦးသေဆုံး  အနည်းဆုံး ၆ဝ အဖမ်းခံရ

လူမည်းအမျိုးသားတစ်ဦးသေဆုံးမှုအပေါ်မကျေနပ်၍ အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ မေ ၃၀ ရက်က ဆန္ဒပြမှု ဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ချီကာဂို ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ပြုကျင့်မှုကြောင့် လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ရခြင်းအပေါ် မကျေနပ်၍ မေ ၁ ရက်တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့ နှင့် အနီးအနားတစ်ဝိုက်၌ ဆန္ဒပြမှုများ နှင့် လုယက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ရာမှ လူ နှစ်ဦး သေနတ်ထိမှန်သေဆုံးပြီး အနည်းဆုံး ၆၀ ခန့် အဖမ်းခံခဲ့ရကြောင်း သိရသည်။

ချီကာဂို မြို့တော်ဝန် Lori Lightfoot က မေ ၃၁ ရက်တွင် စီးပွားရေးဗဟိုချက် နှင့် လူနေထူထပ်သော ခရိုင်ကြီးအား ပိတ်ဆို့မှု(Lock down) ချလိုက်သဖြင့် ချီကာဂိုမြို့ မြောက်ဘက် ၊ အနောက်ဘက် နှင့် တောင်ဘက် များသို့ ဆန္ဒပြမှုများနှင့် လုယက်မှုများ ကူးစက်ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ မေ ၃၀ ရက် ညပိုင်းတွင် ချီကာဂိုမြို့လယ်ခေါင်ရှိ အဓိက အချက်အချာနေရာများ၌ လုယက်မှုများ နှင့် ဆူပူမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ မေ ၃၀ ရက်က ဆန္ဒပြသမားများ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့မှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး J.B.Pritzker က ပြည်နယ်အတွင်းရှိ မြို့ ၇ ခုကို ဘေးဒဏ်သင့်ဇုန်အဖြစ် ကြေညာခဲ့ပြီး တရားဥပဒေစိုးမိုးရေး ပြန်လည်ကိုင်တွယ်နိုင်ရန်အတွက် အီလီနွိုက်ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၃၀၀ ဦး နှင့် အီလီနွိုက် အမျိုးသားအစောင့်တပ်ဖွဲ့ ဝင် ၂၅၀ ဦး ကို ထပ်မံအားဖြည့် တပ်ချသွားမည်ဖြစ်ကြောင်း ဇွန် ၁ ရက်တွင်ကြေညာခဲ့သည်။

Prizker က ချီကာဂိုမြို့တော်ဝန် Lightfoot ၏ မေတ္တာရပ်ခံချက်အရ မေ ၃၁ ရက်တွင် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၃၇၅ ဦးကို တပ်ချထားပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။Lightfoot ၏ မေ ၃၀ ရက်တွင် ချီကာဂိုမြို့၌ ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်တွင် ည ၉ နာရီမှ နံနက် ၆ နာရီထိ အကြုံးဝင်ကြောင်း ၊ ယင်းအမိန့်မှာ ဆက်လက်တည်ရှိနေကြောင်း ၊ ဘတ်စ်ကားများ နှင့် ရထားများအားလုံးသည် ညဘက်တွင် ရပ်နားထားရမည်ဖြစ်ကြောင်း သိရသည်။ 

ချီကာဂိုမြို့၌ မေ ၁ ရက်အထိ သုံးရက်ဆက်တိုက် ဆန္ဒပြမှုများ နှင့် လုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းမှတဆင့် အနီးအနား ရပ်ကွက်များ နှင့် မြို့ငယ်များသို့ပါ ကူးစက်ပျံ့နှံ့သွားခဲ့သည်။အသက် ၄၆ နှစ်အရွယ် အမေရိကန်နိုင်ငံသား လူမည်းအမျိုးသား တစ်ဦးဖြစ်သည့် George Floyd သည် မေ ၂၅ ရက်က မင်နီပူးလစ်မြို့မှ ရဲအရာရှိ Derek Chauvin ၏ ဖမ်းဆီးခြင်းခံရစဉ် ၎င်းရဲအရာရှိက George ၏ လည်ပင်းအား ၈ မိနစ်ခန့် ဒူးဖြင့် ဖိနှိပ်ထားရာမှ အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရသည့် ဗီဒီယိုရုပ်သံဖိုင်တစ်ခုပျံ့နှံ့ခဲ့သည်။ ယင်းလုပ်ရပ်အပေါ်မကျေနပ်၍ မင်နီဆိုတာပြည်နယ် မင်နီပူးလစ်မြို့၌ ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်ခဲ့ပြီး ယင်းမှတဆင့် အမေရိကန်နိုင်ငံအနှံ့သို့ ကူးစက်ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117