North America
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် ဓားထိုးခံရသဖြင့် လူ ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်မှ ၆၀ ကီလိုမီတာအကွာ ဂါးဒင်းဂရို့ဗ်မြို့တွင် သြဂုတ်လ ၇ ရက်က ဓားထိုးခံရမှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးကာ အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် လုယက်သူဟု သံသယဖြစ်ဖွယ်ရှိသူတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဂါးဒင်းဂရို့ဗ်မြို့ အဓိကလမ်းမကြီးတစ်လျှောက်၌ လူ ၆ ဦးအား ဓားဖြင့်ထိုးပြီးနောက် 7-Eleven စတိုးဆိုင်တွင် ဓားတစ်ချောင်းနှင့် သေနတ်တစ်လက်ကိုင်ထားသည့် ထိုသံသယရှိသူမှာ တာဝန်ရှိသူများနှင့် ပက်ပင်းကြုံတွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဂါးဒင်းဂရို့ရဲဌာန (GGPD) က ပြောကြားခဲ့သည်။ (Xinhua)