Connect with us

North America

အမေရိကန်-မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးမှုကို လာမည့် ရက်သတ္တပတ်များအတွင်းပြန်လည်စတင်လိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

အမေရိကန်အနေဖြင့် လက်ရှိ မြောက်ကိုရီးယားအပေါ်တွင် ထားရှိသော မူဝါဒများ မပြောင်းလဲကြောင်း ၊မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှုကို လာမည့် ရက်သတ္တပတ်များအတွင်းမှာ ပြန်လည်စတင်လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo)က သြဂုတ် ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ယခုကာလများအတွင်း လှုပ်ရှားမှုများကို အလေးထားစောင့်ကြည့်နေကြောင်း မိုက်ပွမ်ပီယိုက သြဂုတ် ၇ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ အမေရိကန်သို့ လာရောက်လည်ပတ် သည့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raabနှင့်အတူ မီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ သည်။

ထရမ့်အစိုးရနှင့် မြောက်ကိုရီးယားအကြားတွေ့ဆုံမှုများ ပြီးနောက် မြောက်ကိုရီးယားတွင် နျူကလီးယား စမ်းသပ်ခြင်း သို့မဟုတ် တာဝေးပစ်ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုများ မရှိခဲ့ကြောင်း ၊ ၎င်းမှာ ကောင်းမွန်သည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်နိုင်ငံ ခေါင်းဆောင် ပြီးခဲ့သောနှစ် စင်ကာပူတွေ့ဆုံဆွေးနွေးပွဲရလဒ်များကို အလေးထားအကောင်အထည်ဖော်သင့် ကြောင်း မိုက်ပွမ်ပီယိုက ဆိုသည်။

လွန်ခဲ့သော ရက်သတ္တပတ်နှစ်ပတ်ကြာကာလတွင် မြောက်ကိုရီးယားက တာတိုပစ်ဒုံးပျံ ၄ ကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်၏သတင်းများအရ သိရသည်။ မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်များကို အမေရိကန်က အလွန်အကျွံတုံ့ပြန်မှုများ ပြုမည်မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mark Esper က သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီယား၏ တာတိုပစ်ဒုံးပျံ စမ်းသပ်ပစ်လွှတ်မှုသည် အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ထားရှိသည့် သဘောတူညီချက်ကို ချိုးဖောက်ခြင်း မရှိဟု အမေရိကန် သမ္မတ ထရမ့်က သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)