Connect with us

North America

နော်ဝေနိုင်ငံ အော့စလိုမြို့အနီးရှိ ဗလီတစ်လုံး၌ ပစ်ခတ်မှုဖြစ်ပွား ၊ တစ်ဦးသေဆုံး

နော်ဝေနိုင်ငံ အော့စလိုမြို့ အနီးရှိ ဗလီတစ်လုံး၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်အား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အော့စလို ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

နော်ဝေနိုင်ငံ အော့စလိုမြို့အပြင်ရှိ ဗလီတစ်လုံး၌ ပစ်ခတ်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးကြောင်း နှင့် အချင်းဖြစ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁ဝ ရက်တွင်ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံပြည်သူ့အသံလွှင့်ဌာန(NRK) က ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ အော့စလိုမြို့အနောက်ပိုင်းရှိ Baerum ခရိုင်တွင် သေနတ်ဒဏ်ရာဖြင့် လူတစ်ဦးသေဆုံးနေကြောင်း သတင်းဖော်ပြခဲ့သည်။

Baerum ရှိ Al-Noor အစ္စလာမ်မစ်စင်တာ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့ရကြောင်း အစောပိုင်းသတင်းများက ဆိုသည်။ သေနတ်သမားသည်လည်း ဒဏ်ရာရရှိသွားကြောင်း ၊ ၎င်းအား နောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နှင့် ယင်းမှာ အသက် ၂ဝ နှစ်အရွယ် လူဖြူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါသေနတ်သမားသည် ယခုနှစ် မတ်လတွင် နယူးဇီလန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော မွတ်စလင် ၄၉ ဦး သတ်ဖြတ်ခံရသည်ဖြစ်စဉ်တွင် ကျူးလွန်သူ သြစတြေးလျသေနတ်သမား Brenton Harrison Tarrant အား ထောက်ခံကြောင်း အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ချီးကျူးစကားဆိုခဲ့ဖူးသူဖြစ်ကြောင်း TV2 ရုပ်သံ၏ ထုတ်လွှင့်ချက်အရ သိရသည်။

နော်ဝေရဲတပ်ဖွဲ့အနေဖြင့် သြဂုတ် ၁၂ ရက်တွင် စတင်မည့် အစ္စလာမ်ဘာသာဝင်တို့၏ ဒုတိယအထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သော Eid al-Adha ပွဲတော်မတိုင်မီကတည်းက လုံခြုံရေးကိုတိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.