North America
ဂန္တဝင်တရုတ်ဂီတသံစဉ်များ နှင့် ကဗျာကို တရုတ် တေးသံရှင်တစ်ဦးက နယူးယောက်မြို့တွင်ဖျော်ဖြေမည်
နယူးယောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်တေးသံရှင် လင်းရှောင်ချောင်(Xiaocao Lin) သည် တရုတ်နိုင်ငံ၏ စွဲမက်စရာကောင်းပြီး တုနှိုင်း မရသော ဂန္တဝင်ဂီတသံစဉ်များ နှင့် ကဗျာကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီလ ၅ ရက်တွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။
အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ရန် ရည်ရွယ်၍ Renwen Society of China Institute ၏ ဖိတ်ကြားချက်အရ လင်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက် ညနေ ၃နာရီ မှ ၅ နာရီ အထိ နယူးယောက်မြို့လယ်ရှိ အကျိုးအမြတ်မယူသည့် လူမှုအဖွဲ့အစည်းရုံးခန်း၌ ကျင်းပမည့် တရုတ်ရှေးဟောင်းဂီတဂူဂီ(Gu Ge)အကြောင်းဆိုင်ရာ စာရေးသူ၏ ပြောစကားအစီအစဉ်တွင် ပါဝင်တင်ဆက်သွားမည်ဖြစ်သည်။
ဂူဂီဂန္တဝင်ဂီတသည် ရှေးဟောင်းတရုတ်ကဗျာများကို သံစဉ်များထည့်၍ ဖန်တီးထားသော တရုတ်နိုင်ငံ၏ ဂီတအမွေအနှစ် အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ၎င်းးသီးချင်းသံစဉ်များသည် ဂန္တဝင်တရုတ်ဂီတ နှင့် စာသားများပေါ်တွင် အခြေခံထားကာ ခေတ်သစ်တရုတ်ဂီတအဆိုရှင်များက ဂန္တဝင် သံပြိုင်တေးသီးချင်းများ အဖြစ် ပြန်လည်သီဆိုထားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)