Connect with us

North America

ဆီးရီးယား နိုင်ငံ မှ အမေရိကန် တပ်ဖွဲ့ဝင်များအား ဖြည်းဖြည်းချင်းသာ ရုပ်သိမ်း သွားမည်ဟု အမေရိကန် နိုင်ငံ သမ္မတ ထရမ့် ပြောကြား

ဆီးရီးယား နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် အမေရိကန် တပ်ဖွဲ့ ယာဉ်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

ဆီးရီးယား နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များအား ယခင်က အလျှင်အမြန် ရုပ်သိမ်းမည်ဟု ယူဆရသော်လည်း ဖြည်းဖြည်း ချင်းသာ ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ ထရမ့်က အိုင်အက်စ်(IS)အများစုမှာ မရှိကြတော့ဘဲ အမေရိကန် တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ နေအိမ် နှင့် မိသားစုများထံသို့ဖြည်းဖြည်းချင်း ပြန်လည် ရုပ်သိမ်း ပို့ဆောင် ပေးသွားမည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အိုင်အက်စ် IS အကြွင်းအကျန်များအား တိုက်ခိုက် ချေမှုန်း သွားမည် ဖြစ်ကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် အလားအလာများကို အသေးစိတ် ရေးသား ဖော်ပြခဲ့သည်။

သမ္မတ ထရမ့်၏ ပြောကြားချက်များသည် စစ်ဘေးဒဏ်ခံနေရသည့် ဆီးရီးယား နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များအား ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားရန် ထရမ့် အနေနှင့် သဘောတူပြီး ဖြစ်ကြောင်း အမေရိကန် ရီပတ်ဘလီကန် လွှတ်တော် အမတ် Lindsey Graham က ပြောကြားခဲ့ အပြီး တစ်ရက် အကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယား နိုင်ငံမှ အိုင်အက်စ်(IS) ဆန့်ကျင် တိုက်ခိုက်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင်များ အောင်ပွဲ ရရှိပြီးနောက် ၎င်းတို့အား နေရပ်သို့ပြန်လာနိုင်ရေး စတင်ခဲ့ကြောင်း ထရမ့်အစိုးရက ဒီဇင်ဘာလ ၁၉ ရက်တွင် ကြေညာခဲ့သည်။

ဆီးရီးယား နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ အလျင်အမြန် နှင့် အားလုံး ပြန်လည် ရုပ်သိမ်းရေးအား အမေရိကန်နိုင်ငံမှ စီစဉ်ထားကြောင်း အမည်မဖော်လိုသူ အရာရှိ၏ ပြောကြားချက်အား အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျင်မက်တစ် (Jim Mattis) က ဆီးရီးယား နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ရုပ်သိမ်းရေး အသေးစိတ် အချက်အလက်များအား ပြီးခဲ့သည့် အပတ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

ယခုအခါတွင် ဆီးရီးယား နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် စစ်သား ၂၀၀၀ ကျော် ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.