Connect with us

North America

တက္ကဆက်ပြည်နယ်တွင် မိုးပျံပူဖောင်း မီးလောင်ပျက်ကျခဲ့၍ အနည်းဆုံး လူ၁၆ဦးသေဆုံး

တက္ကဆက်ပြည်နယ်တွင် မိုးပျံပူဖောင်း မီးလောင်ပျက်ကျခဲ့သည့် အခင်းဖြစ်ပွားရာသို့ လုံခြုံရေး နှင့် ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် အလယ်ပိုင်း ရှိ လော့ခ်ဟာ့ မြို့ အနီး တွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်း က လူလိုက်ပါစီးနင်းလာသည့် မိုးပျံပူဖောင်း တစ်လုံး မီးလောင်ကျွမ်းကာ ပျက်ကျခဲ့၍ လူ၁၆ဦးသေဆုံးကြောင်း အမေရိကန်အများပြည်သူဘေးကင်းလုံခြုံရေးတက္ကဆက်ပြည်နယ်ဆိုင်ရာ ဋ္ဌာန က အတည်ပြု ထုတ်ပြန်ခဲ့သည်။

တက္ကဆက်ပြည်နယ် မြို့တော် အော်စတင်မြို့တောင်ဘက် ၄၈ကီလိုမီတာ အကွာရှိ လော့ခ်ဟာ့ မြို့ အနီးတွင် ဇူလိုင် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ရး၄၀ နာရီက မိုးပျံပူဖောင်းတစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လယ်ကွင်းများပေါ်သို့ ပျက်ကျခဲ့၍ မိုးပျံပူဖောင်းပေါ်တွင် လိုက်ပါလာသည့် လူ အနည်းဆုံး ၁၆ဦး သေဆုံးခဲ့ကြောင်း ဖယ်ဒရယ် လေကြောင်း ဦးစီးဋ္ဌာန (FAA) က ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒေသခံရဲတပ်ဖွဲ့ကလည်း မိုးပျံပူဖောင်းပျက်ကျမှုအား အတည်ပြုပေးခဲ့ပြီး ပြည်တွင်း ရုပ်သံဋ္ဌာန ABC13 က ရဲတပ်ဖွဲ့သည် မိုးပျံပူဖောင်းအား သိမ်းဆည်းထားကာ မတော်တဆဖြစ်ပွားမှုကြောင့် အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း ထုတ်လွှင့်ခဲ့သည်။
FAA နှင့် အမျိုးသား ပို့ဆောင်ရေး ဆိုင်ရာ ဘေးကင်းလုံခြုံမှု ဘုတ်အဖွဲ့ သည် မတော်တဆဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် အခင်းဖြစ်ပွားရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြကြောင်း သိရသည်။
တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က အဆိုပါ မတော်တဆဖြစ်မှုတွင် သေဆုံးခဲ့သူများ အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး မိုးပျံပူဖောင်း သမိုင်းတွင် သေဆုံးမှု အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.