Connect with us

North America

ရီယိုအိုလံပစ်ပွဲအား ကာကွယ်ရန် အမေရိကန်က ထောက်လှမ်းရေးသမား ၁ဝဝဝ ဦး စေလွှတ်ထား

ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် ရီယိုအိုလံပစ်ပွဲတွင် လုံခြုံရေးယူထားသည့် တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် ရီယို အိုလံပစ်ပြိုင်ပွဲအား အကာအကွယ်ပေးရန် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ထောက်လှမ်းရေးသမား ၁ဝဝဝ ဦးကို စေလွှတ်ထားကြောင်း အမေရိကန်ပြည်တွင်းသတင်းဌာနများက ရေးသားဖော်ပြသည်။

ဘရာဇီးပြည်ထောင်စုရဲတပ်ဖွဲ့ဝင်များ နှင့် ရီယိုဒီဂျနေရိုမြို့ရှိ ဘရာဇီး ရေတပ်မတော်သားများ နှင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ရန်အတွက် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ထောက်လှမ်းရေးသမားများ ၊ ရာပေါင်းများစွာသော ကျွမ်းကျင်ပညာရှင်များ၊ တရားဥပဒေစိုးမိုးရေးအထူးတပ်ဖွဲ့ဝင်များ ၊ ဒါဇင်ပေါင်းများစွာသော ရေတပ်တပ်ဖွဲ့ဝင်များ နှင့် မရိန်းကွန်မန်ဒိုတပ်ဖွဲ့ဝင်များကို စေလွှတ်ထားကြောင်း NBC သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ စစ်ဆင်ရေးလုပ်ငန်းအတွက် အမေရိကန်နိုင်ငံအတွင်းရှိ ထောက်လှမ်းရေးအဖွဲ့ ၁၇ ဖွဲ့မှ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အားကစားသမားများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ ၏ ကိုယ်ရေးရာဇဝင်များအား စုံစမ်းရန် အပါအဝင် ကွန်ပြုတာ ကွန်ရက်ချိတ်ဆက်မှုများကို အကူအညီပေးရန် နှင့် အကြမ်းဖက်အဖွဲ့များ၏ လူမှုကွန်ရက်စာမျက်နှာများအား စုံစမ်းထောက်လှမ်းပေးရန်လည်း ပါဝင်ကြောင်းသိရသည်။
“ အိုလံပစ်ပြိုင်ပွဲကို ခြိမ်းခြောက် နှောက်ယှက်နေတာတွေ နဲ့ဘယ်သူတွေက လုပ်ကိုင်နေသလဲဆိုတာ အတည်ပြုပေးဖို့ဘရာဇီးထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့အနီးကပ်အလုပ်လုပ်ဖို့အမေရိကန် ထောက် လှန်းရေးတပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပါတယ်” ဟု အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး James Clapper က NBC သတင်းဌာနသို့ပြောသည်။
ရီယိုအိုလံပစ်ပြိုင်ပွဲကို အကာအကွယ်ပေးနိုင်ရန်အတွက် ဘရာဇီးထောက်လှမ်းရေးအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ထောက်လှမ်းရေးအဖွဲ့များ နှင့် အနီးကပ်လက်တွဲပြီး အလုပ်လုပ်နေကြောင်း ၊ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများအများဆုံး ပူးပေါင်းပါဝင်သည့် ထောက်လှမ်းရေး စစ်ဆင်မှုကြီးတစ်ခု ဖြစ်ကြောင်း NBC ဖော်ပြချက်အရ သိရသည်။
ရီယိုအိုလံပစ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ်လ အစောပိုင်းက အစ္စလမ်မစ် အိုင်အက်စ်အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုရှိသည်ဟု သံသယရှိသည့် လူပေါင်း တစ်ဒါဇင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.