North America
ဒါဗို့စ်သို့သွားမည့် အမေရိကန် ကိုယ်စားလှယ်များ၏ ခရီးစဉ် ထရမ့် ပယ်ဖျက်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေသည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ သွားရောက်မည့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပယ်ဖျက်လိုက်ကြောင်း ဇန်နဝါရီလ ၁၇ ရက်တွင် အိမ်ဖြူတော်က ပြောကြားလိုက်သည်။
“အမေရိကန် အလုပ်သမား ၈,၀၀၀ ခန့် လုပ်ခမရကြတာကို စဉ်းစားကာ လိုအပ်ပါက အကူအညီ ဖြစ်စေနိုင်ဖို့ ဒါဗို့စ်မှာလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်သွားမယ့် သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို သမ္မတ ထရမ့်က ဖျက်လိုက်တာပါ” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်ဒါးစ် (Sarah Sanders) က ကြေညာချက်တွင် ပြောကြားခဲ့သည်။ (Xinhua)