Connect with us

North America

အမေရိကန် နိုင်ငံ ဘော့စတွန် မြို့ တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား တစ်ဦး သေဆုံး တစ်ဦး ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ ရဲတပ်ဖွဲ့ မှ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် မြို့ တော် ဘော့စတွန် တွင် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ တစ်ဦး သေဆုံး ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဘော့စတွန် ရဲတပ်ဖွဲ့ တာဝန်ရှိသူ ၏ ပြောကြားချက်အရ သေနတ် ပစ်ခတ်မှု က ဘော့စတွန် မြို့ ၏ လူနေရပ်ကွက် တစ်ခု တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့ဝင် များ အချင်းဖြစ်ပွားရာ နေရာ သို့ ရောက်ရှိချိန်တွင် အသက် ၃၀ ကျော် အမျိုးသား နှစ်ဦး မှာ သေနတ် ဒဏ်ရာများ ကိုယ်စီ ရရှိနေကြောင်း ၊ ၎င်းတို့အား ဆေးရုံ သို့ ပေးဆောင်ပေးခဲ့ရာတွင် တစ်ဦး သေဆုံး ခဲ့ကြောင်း ၊ အချင်းဖြစ်ပွားရာ နေရာ တွင် သေနတ် နှစ်လက် ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ နှစ်ဦး အချင်းများရာ မှ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။

အချင်းဖြစ်စဉ် ကို ကြုံတွေ့ခဲ့သူ တစ်ဦး ၏ ပြောကြားချက်အရ ၎င်း အနေဖြင့် သေနတ် ပစ်ခတ်သံ ၁၀ ကြိမ်ကျော် ကြားခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.