Connect with us

North America

နယူးယောက်မြို့၌ လမ်းသွားလမ်းလာများအား ကားဖြင့်ဝင်တိုက် ၁ ဦးသေ ၊ ၆ ဦးဒဏ်ရာရ

လူအုပ်အတွင်း ကားဖြင့် ဝင်တိုက်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ များနေရာယူထားစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးယောက် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

နယူူးယောက်မြို့ရှိ တရုတ်တန်းတွင် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက လမ်းသွားလမ်းလာများအား ကားတစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၆ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

အချင်းဖြစ်မှုသည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် အောက်မန်ဟက်တန်ရပ်ကွက်ရှိ လူသွားလူလာထူထပ်သော တရုတ်တန်းအနီး Canal လမ်း နှင့် Forsyth လမ်း ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ကဆိုသည်။

လူတစ်ဦးမှာ အချင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း ၊ ဒဏ်ရာရသူများကို အနီးအနားရှိ ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့သော်လည်း စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း အချို့ကဆိုသည်။

ယာဉ်မောင်းသည် ပြိုင်ကားတစ်စီးလိုရပ်စဉ် ကားကိုမထိန်းချုပ်နိုင်ဘဲ ဖြစ်သွားကြောင်း နှင့် ၎င်းမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း တိတိကျကျ မသိရှိရသေးကြောင်း နှင့် နောက်ထပ်အသေးစိတ်အချက်အလက်များကို အာဏာပိုင်များက ထုတ်ပြန်ပေးခြင်းမရှိသေးကြောင်း သိရသည်။

မန်ဟက်တန်တရုတ်တန်းသည် နယူးယောက်မြို့၏ လူနေခရိုင် ကိုးခုအနက် ရှေးအကျဆုံးနေရာဖြစ်ပြီး တရုတ်နွယ်ဖွားအမေရိကန်နိုင်ငံသားများ အများဆုံး စုဝေးရာ နေရာတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ ပြင်ပတွင် တရုတ်မျိုးနွယ်များ အများဆုံးနေထိုင်ရာ နေရာတစ်ခုဖြစ်ပြီး တရုတ်လူမျိုး ၈ သိန်းကျော်ခန့်ရှိနေသည်။

နယူးယောက်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက အချင်းဖြစ်မှုအတွင်း တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရသူ ပါဝင်မှုရှိမရှိ သတင်းအချက်အလက်ရရန် လတ်တလောဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.