Connect with us

North America

နာဆာ၏ InSight အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ခဲ့

အင်္ဂါဂြိုဟ် ဆင်းသက်နေသည့် နာဆာ၏ InSight အာကာသယာဉ်အား စိတ်ကူးဖြင့် ပုံဖော်ထားစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

နာဆာ၏ InSight အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ နိုဝင်ဘာ ၂၆ ရက်တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး အင်္ဂါဂြိုဟ်၏ အတွင်းပိုင်းနေရာများသို့ စူးစမ်းလေ့လာရန် ၂နှစ်တာ တာဝန်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နာဆာ၏ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုအရ InSight အာကာသယာဉ်သည် မိုင်ပေါင်း သန်း၃၀၀ (ကီလိုမီတာ ၄၈၀သန်း) ခရီးကို ၆လတာဖြတ်သန်းပြီးနောက် နိုဝင်ဘာ ၂၆ ရက် အရှေ့ပိုင်းစံတော်ချိန် (EST) မွန်းလွဲ ၂း၅၄နာရီခန့်၊ ဂရင်းနစ်စံတော်ချိန် ၂၀၀၀နာရီ တွင် အင်္ဂါဂြိုဟ်ပေါ်သို့ ဆက်သက်ခဲ့ကြောင်း သိရသည်။

၎င်းသည် အင်္ဂါဂြိုဟ်မှ ငလျင်များနှင့် အပူချိန်များအပါအဝင် အင်္ဂါဂြိုဟ် မျက်နှာပြင်အောက်ရှိ ဘူမိဗေဒဆိုင်ရာ အချက်အလက်များကို စူးစမ်းသွားမည်ဖြစ်ကြောင်းသိရသည်။ အင်္ဂါဂြိုဟ် ၏ မတည်ငြိမ်သော လည်ပတ်မှုကို အခြေခံ၍ ပြောင်းလဲနေသော အာကာသယာဉ်မှ အချက်ပြချက်များကိုလည်း သိပ္ပံပညာရှင်များက ခြေရာကောက်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မေလ ၅ရက်တွင် လွှတ်တင်ခဲ့သော InSight အာကာသယာဉ် သည် ၂၀၁၂ခုနှစ်တွင် လွှတ်တင်ခဲ့သော စူးစမ်းရေးအာကာသယာဉ် အပြီး နာဆာ၏ ပထမဆုံးသော အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်သည့် အာကာသယာဉ်ဖြစ်ပြီး အင်္ဂါဂြိုဟ်၏ အတွင်းပိုင်းသို့ နက်ရှိုင်းစွာ လေ့လာရန် ပထမဆုံးရည်ရွယ်ထားသော အာကာသယာဉ်လည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.