North America
ပါပူဝါနယူးဂီနီ၌ ပြင်းအား ၆.၅ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်
နယူးယောက် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)
ပါပူဝါနယူးဂီနီနိုင်ငံ Angoram မြို့၏ အနောက်တောင်ဘက် ၆၇ ကီလိုမီတာအကွာတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံဘူမိဗေဒတိုင်းတာရေး(USGS) က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
၎င်းငလျင်သည် မြေပြင်အောက် အနက် ၁ဝ၇.၃၇ ကီလိုမီတာ၌ ဗဟိုပြု၍ တောင်လတ္တီကျူ့၄.၂၂၇၂ ဒီဂရီ နှင့် အရှေ့လတ္တီကျူ့၁၄၃.၄၇၉၈ ဒီဂရီအကြားတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)