Connect with us

North America

ဟို့စ်တန်ရှိ ဟိုတယ် လျှပ်စစ်ခန်း ပေါက်ကွဲပြီးနောက် ဒဏ်ရာရသူများ ရှိခဲ့

လျှပ်စစ် Breaker ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် Whitehall ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟို့စ်တန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟို့စ်တန်မြို့လယ် Whitehall ဟိုတယ်ရှိ မြေအောက် လျှပ်စစ်ဆိုင်ရာ အခန်းတွင် နိုဝင်ဘာလ ၁၀ ရက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ နှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဟို့စ်တန် မီးသတ်ဋ္ဌာန (HFD) ထံမှ သိရသည်။

ဒဏ်ရာရသူများအနက် အလုပ်သမား တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အခြားသူ တစ်ဦးမှာမူ လက်များအား မီးလောင်ကျွမ်းခဲ့ကြောင်း HFD က ပြောကြားခဲ့သည်။HFD ၏ အဆိုအရ Whitehall ဟိုတယ်အတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ကန်ထရိုက်ယူထားသူများက မြေအောက် လျှပ်စစ်ခန်းတွင် Breaker တစ်ခု အစားထိုး တပ်ဆင်ရာတွင် အဆိုပါ Breaker ပေါက်ကွဲရခြင်း ဖြစ်ကြောင်း သိရသည်။ပေါက်ကွဲမှုဖြစ်ပွားရာ ဟိုတယ်သို့ HFD မီးသတ်ဝန်ထမ်းများ သွားရောက်ခဲ့ကြောင်းနှင့် မီးခိုးလုံးများအား ဟိုတယ် အဆောက်အအုံ ပြင်ပကပင် မြင်တွေ့နိုင်ကြောင်း သိရသည်။ (Xinhua)