Connect with us

North America

ရုရှားက ကူညီကြောင်း သက်သေပြပါက ပိတ်ဆို့မှုများ ရုပ်သိမ်းပေးမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ယာ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဆန့်ကျင်ခြင်းများနှင့် အမေရိကန်နိုင်ငံအပေါ် အရေးပါသည့် အခြား ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပါက ရုရှားအပေါ် ကန့်သတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပစ်မည်ဟု အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က အရိပ်အမြွက် ပြောကြားလိုက်ကြောင်း သတင်းစာတစ်စောင်က ဇန်နဝါရီလ ၁၃ ရက်၌ ရေးသားထားသည်။

ပြီးခဲ့သည့်နှစ်က အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ရုရှားက ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် သမ္မတ အိုဘားမား အစိုးရက ရုရှားနိုင်ငံအပေါ် ချမှတ်ခဲ့သော ပိတ်ဆို့မှုအား ရုပ်သိမ်းပေးမည်ဟု ထရမ့်နှင့် တွေ့ဆုံမေးမြန်းကာ ဝက်ဘ်ဆိုဒ်ပေါ်တွင် တင်ပြထားသည့် သတင်းတစ်ခု၌ Wall Street ဂျာနယ်က ပြောကြားထားသည်။

“အကယ်၍ ရုရှားကသာ ကူညီပေးခဲ့တယ်ဆိုရင် ပိတ်ဆို့မှုတွေ ဘာကြောင့် လုပ်နေတော့မှာလဲ” ဟု ၎င်းက မေးမြန်းခဲ့သည်။ထရမ့်သည် လာမည့် သီတင်းပတ်အတွင်း ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်ပြီး သမ္မတ တာဝန် စတင် ထမ်းဆောင်ပြီးနောက် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် ပြင်ဆင်ထားကြောင်း ထရမ့်က ဖြည့်စွက် ပြောကြားခဲ့သည်။ထို့ပြင် ထရမ့် ရွေးချယ်ထားသော အမျိုးသား လုံခြုံရေး အကြံပေး Michael Flynn သည် အမေရိကန်နိုင်ငံ ဆိုင်ရာ ရုရှား သံအမတ်နှင့် Sergey Kislyak နှင့် ပြီးခဲ့သည့်လကုန်ပိုင်းက ဖုန်းပြောခဲ့ကြကြောင်း ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၃ ရက် အစောပိုင်းက ပြောကြားခဲ့သည်။ ၎င်းတို့ နှစ်ဦး ဆွေးနွေးခဲ့သည်များအနက် လာမည့် ဇန်နဝါရီလ ၂၀ ရက်တွင် ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပြီးပါက ရုရှား သမ္မတ ပူတင်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုမည့် ကိစ္စလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ရွေးကောက်ပွဲပြီးနောက် ဇန်နဝါရီလ ၁၁ ရက်က ပထမဆုံးအကြိမ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထရမ့်က အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ရုရှား ပါဝင်ပတ်သက်မှုရှိခြင်းကို လက်ခံကြောင်း၊ သို့သော်လည်း ရုရှား အနေဖြင့် အမေရိကန် တစ်နိုင်ငံထဲကိုသာ ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်နေခြင်း မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.