Connect with us

North America

ဒေါ်နယ်ထရမ့်က သမ္မတတာဝန်ယူမှုအခမ်းအနားအတွက် ဒေါ်လာ သန်း ၉ဝ အသုံးပြုမည်

အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂ဝ ရက်တွင် ပြုလုပ်မည့် သမ္မတတာဝန်ယူမှုအခမ်းအနား နှင့် ယင်းနှင့်ဆက်စပ်သော အခမ်းအနားများအတွက် စံချိန်တင်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၉ဝ အသုံးပြုသွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်တွင်း သတင်းဌာနများက ရေးသားဖော်ပြကြသည်။

ဒေါ်နယ်ထရမ့်၏ သမ္မတတာဝန်ယူမှုအခမ်းအနား ကျင်းပရေးကော်မတီက အသင်းအဖွဲ့များထံမှ လှူဒါန်းငွေကို ဒေါ်လာ တစ်သန်း ကန့်သတ်ခဲ့ပြီး တစ်ဦးချင်းလှူဒါန်းမှုအတွက်မှာမူ ကန့်သတ်ချက်မရှိကြောင်း ဆိုထားသည်။ ၎င်းအမေရိကန်ဒေါ်လာ သန်း ၉ဝ သည် သမ္မတအိုဘားမား သမ္မတတာဝန်ယူမှုအခမ်းအနား နှစ်ကြိမ်ပြုလုပ်ခဲ့သော ငွေပမာဏထက်ပို၍ များပြားနေကြောင်း သိရသည်။

သမ္မတအိုဘားမား၏ သမ္မတတာဝန်ယူမှုအခမ်းအနား ကျင်းပရေးကော်မတီသည် အဆိုပါပွဲအတွက် ငွေပါဝင်လှူဒါန်းခြင်းကို ပမာဏ ကန့်သတ်ထားပြီး ၂ဝဝ၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၅ သန်း နှင့် ၂ဝ၁၃ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၄၃ သန်းသာ ကောက်ခံအသုံးပြုခဲ့ကြောင်း သိရသည်။

သို့သော်ဒေါ်နယ်ထရမ့်က သမ္မတတာဝန်ယူမှုအခမ်းအနားအတွက် အလှူငွေများပိုမိုထည့်ဝင်ကြရန် တိုက်တွန်းလှုံ့ဆော်ထားပြီး ၎င်း၏ ကျင်းပရေးကော်မတီကလည်း ငွေကြေးပမာဏမည်မျှအသုံးပြုမည်ကို အသေးစိတ်ပြောကြားရန် ငြင်းဆိုထားရာ သမိုင်းတစ်လျှောက် အခြားအမေရိကန်သမ္မတများ၏ သမ္မတတာဝန်ယူမှုအခမ်းအနားထက် ငွေကြေးပမာဏ ပိုမိုအသုံးပြုသွားရန် ရှိနေသည်။

“ ဒီလောက်ငွေအများကြီးကို ဘယ်လို အသုံးပြုသွားဖို့မလဲဆိုတာကို ကျွန်တော်စဉ်းစားလို့မရဘူး။ ဘာအတွက် ထည့်ဝင်ငွေများများရဖို့သူတို့လုပ်နေကြတာလဲ” ဟု ၂ဝ၁၃ ခုနှစ် သမ္မတအိုဘားမား၏ သမ္မတတာဝန်ယူမှုအခမ်းအနားကျင်းပရေးကော်မတီ အမှုဆောင်အရာရှိချုပ် Steve Kerrigan ၏ ပြောကြားချက်ကို ကိုးကား၍ AP က သတင်းဖော်ပြခဲ့သည်။

“ ဒီနိုင်ငံမှာ သမိုင်းဝင် သမ္မတတာဝန်ယူမှုအခမ်းအနား နှစ်ကြိမ် ကို စီစဉ်ပေးခဲ့ဖူးတယ်။ သူတို့လောက်နီးနီး ကျွန်တော်တို့ငွေမဖြုန်းခဲ့ဖူးဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် သမ္မတတာဝန် စတင်လက်ခံယူသည့်အခမ်းအနားကို သုံးပွဲ ကျင်းပသွားရန် ရှိသည်။ သမ္မတအိုဘားမားသည် ၎င်း၏ ပထမသက်တမ်းအတွက် သမ္မတအဖြစ်တာဝန်ယူမှုအခမ်းအနားကို ၁ဝ ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း AP သတင်းအရ သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.