Connect with us

North America

ဖိနပ်ခုံတွင် စြင်္ကာပုံစံများ ရိုက်နှိပ်ထားသော ဖိနပ်များ အမေရိကန် ကုမ္ပဏီ ပြန်သိမ်း

စင်္ကြာ တံဆိပ်များ ရိုက်နှိပ်ထားသည့် ဖိနပ်ခံနှင့် ဖိနပ်ရာကို တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဖိနပ်ခုံတွင် စြင်္ကာတံဆိပ်များ ရိုက်နှိပ်ထားသည်ကို ဝယ်သူ တစ်ဦးက တွေ့ရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် နယ်မြေအတွင်းရှိ ဖိနပ် ဖြန့်ဖြူးရောင်းချသူ တစ်ဦးက အဆိုပါ ဖိနပ်များအား ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အွန်လိုင်း သတင်း တစ်ခုဖြစ်သော Reddit တွင် အဆိုပါ ဝယ်သူက ဖိနပ်ခုံတွင် စြင်္ကာပုံ ရိုက်နှိပ်ထားသော Polar Fox ဖိနပ်ဓာတ်ပုံအား မျှဝေခဲ့သည်။ယင်း ဓာတ်ပုံအား ဇန်နဝါရီလ ၁၃ ရက်အထိ အကြိမ်ပေါင်း သုံးသန်းကျော် ကြည့်ရှု၊ မျှဝေခဲ့ကြပြီး ထင်မြင်ချက်ရေးသားမှုများလည်း မရေတွက်နိုင်အောင် များပြားခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်ထားသော ဖိနပ် ဖြန့်ဖြူးရောင်းချသူ Conal International Trading Inc., က အဆိုပါ ဖြစ်ရပ်အတွက် တောင်းပန်စာ ရေးသားခဲ့ပြီး ဖိနပ်များကိုလည်း ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းခဲ့သည်။“ဒီဇိုင်းကို တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး၊ ဒီ ထုတ်ကုန်အပေါ် ရိုက်နှိပ်လိုက်တဲ့ ဒီဇိုင်းတွေဟာ ထိခိုက် စော်ကားလိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါဘူး၊ အဲဒီ ဖိနပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့သလို ရောင်းချခြင်းလဲ မပြုလုပ်တော့ပါဘူး” ဟု ကုမ္ပဏီက ၎င်း၏ အင်တာနက် ကိုယ်ပိုင်စာမျက်နှာတွင် ရေးသားထားသည်။တစ်ချိန်တည်းမှာပင် ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ အန်တိုနီ ငုယင်က ၎င်းတို့အနေဖြင့် ဒီဇိုင်းနာများအား အဆိုပါ သင်္ကေတသည် ဟိန္ဒူဘာသာ၌ သုခချမ်းသာဟူ၍လည်းကောင်း၊ ဗုဒ္ဓဘာသာတွင်မူ ဦးထိပ်ထားရာ တစ်ခု အဖြစ်လည်းကောင်း စသဖြင့် ပုံဆောင်ထားသည့် စြင်္ကာပုံ သင်္ကေတ၏ မူရင်း အဓိပ္ပါယ်နှင့် ဆက်စပ်မှုရှိ မရှိကို မေးမြန်းခဲ့ကြောင်း The Daily Mail သတင်းတွင် ဖော်ပြထားသည်။၂၀၁၄ ခုနှစ်ကလည်း ကယ်လီဖိုးနီးယားရှိ ဈေးဝယ်သူများက ထုပ်ပိုး စက္ကူများပေါ်တွင် စြင်္ကာပုံ ရိုက်နှိပ်ထားခြင်းများကို တွေ့ရှိကာ တိုင်ကြားခဲ့ပြီးနောက်Hallmark Cards က ၎င်းတို့၏ ထုပ်ပိုး စက္ကူများ အားလုံးကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.