Connect with us

North America

လေကြောင်း တိုက်ခိုက်မှုတွင် အိုင်အက်စ်၏ ထိပ်တန်း ဟက်ကာ သေဆုံးခဲ့ကြောင်း ပင်တဂွန် အတည်ပြု

အမေရိကန် စစ်ဋ္ဌာနချုပ် ပင်တဂွန် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ယခု သီတင်းပတ် အစောပိုင်းက ဖြစ်ပွားခဲ့သော အမေရိကန် လေကြောင်း တိုက်ခိုက်မှု တစ်ခုတွင် အိုင်အက်စ် အစွန်းရောက်အဖွဲ့၏ ပြည်ပမှ လူသစ် စုဆောင်းခြင်းနှင့် ကွန်ပျူတာ များအား တရားမဝင် ထိုးဖောက် ဝင်ရောက်ရန် တာဝန်ယူထားသော ကွန်ပျူတာ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦး သေဆုံးသွားကြောင်း ပင်တဂွန် စစ်ဋ္ဌာနချုပ်က သောကြာနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

အသက် ၂၁ နှစ်အရွယ် ဗြိတိန် ဟက်ကာ တစ်ဦး ဖြစ်သူ ဂျွန်အိတ် ဟူစိန်သည် တနင်္လာနေ့က အိုင်အက်စ် တပ်စွဲ ထားသော ဆီးရီးယားနိုင်ငံ Raqqa တွင် အမေရိကန် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ကြောင်း အမေရိကန် လေတပ် ဗိုလ်မှူးကြီး ပတ်ရိုက်ဒါ က သတင်းထောက်များအား ပြောကြား ခဲ့သည်။

“သူက အနောက်နိုင်ငံက ISIL ထောက်ခံသူတွေကို တစ်ကိုယ်တော် တိုက်ခိုက်ရေး သမားအဖြစ် တိုက်ခိုက်ရေး အတွက် စုဆောင်းပေးရာမှာ တက်ကြွစွာ ပါဝင်နေသူ ဖြစ်တယ်” ဟု ရိုက်ဒါ ကပြောသည်။

ဂျွန်အိတ် ဟူစိန်သည် အမေရိကန် စစ်တပ်နှင့် အစိုးရ အရာရှိပေါင်း ၁,၃၀၀ ခန့်၏ ပုဂ္ဂိုလ်ရေး သတင်း အချက်အလက် များကို ပေါက်ကြားစေခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အစိုးရ ဝန်ထမ်းများအား တိုက်ရိုက် တိုက်ခိုက်ရန် အတွက် တာဝန်ရှိသူ ဖြစ်သည်။

အမေရိကန် နေ့စဉ် သတင်းစာ ဖြစ်သော The Hill ၏ ဖော်ပြချက် အရ ယခုနှစ် အစောပိုင်းကတည်းက အမေရိကန် ဗဟို ဋ္ဌာနချုပ် ၏ ယူကျု့ နှင့်တွစ်တာ အကောင့်များအား တရားမဝင် ထိုးဖောက် ဝင်ရောက်ခဲ့မှု၏ နောက်ကွယ်တွင် ဟူစိန်ရှိ နေသည်ဟု အမေရိကန် ကာကွယ်ရေး အရာရှိများက ယုံကြည်ထားသည်။

“ အခုလို တစ်ကိုယ်တော် သမားတွေက အရမ်းကို အန္တရာယ်များပါတယ်၊ သူ့မှာ ထူးချွန်တဲ့ နည်းပညာ စွမ်းရည်နှင့် အမေရိကန်တွေကို သတ်ဖို့ စိတ်ဆန္ဒပြင်းပြမှု ရှိနေပြီး အမေရိကန်တွေကို သတ်မည့် အခြားသူများကိုလဲ စုဆောင်းခဲ့တယ်” ဟု ရိုက်ဒါက ပြောသည်။ လေကြောင်း တိုက်ခိုက်မှုသည် ဟူစိန်အား ပစ်မှတ်ထားဖြင်း ဖြစ်ပြီး ထိုလေကြောင်း တိုက်ခိုက်မှု၌ ဟူစိန် တစ်ဦးတည်းသာ သေဆုံး ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.