Connect with us

North America

အမေရိကန် နိုင်ငံ ရှိ သတင်းထောက် နှစ်ဦးမှ တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှု ပြုလုပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ် ခံရသဖြင့် သေဆုံး

သေနတ်ဖြင့် ပစ်ခတ် ခံရသဖြင့် သေဆုံးခဲ့သည့် သတင်းထောက် Adam Ward နှင့် Alison Parker ဓာတ်ပုံ

ဝါရှင်တန် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ Virginia ပြည်နယ် မှ CBS သတင်းဌာန လောက်အောက်ရှိ WDBJ ရုပ်သံလိုင်း ၏ သတင်းထောက် နှစ်ဦးသည် သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှု ပြုလုပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ် ခံရသဖြင့် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

သေနတ်ပစ်ခတ်မှု သည် ဗီဒီယို ရိုက်ကူးသည့် သတင်းထောက် Adam Ward နှင့် ရုပ်သံ တင်ဆက်သူ သတင်းထောက် Alison Parker တို့မှ Virginia ပြည်နယ် Moneta မြို့တွင် မနက်ပိုင်း တိုက်ရိုက် သတင်းထုတ်လွှင့်မှု ပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရုပ်သံ ထုတ်လွှင့်မှု မြင်ကွင်းမှ သေနတ် ပစ်ခတ် သံများ ကြားရပြီးနောက်တွင် ဗီဒီယို ကင်မရာ သည် မြေပြင် သို့ကျသွားသည် ကို မြင်တွေ့ခဲ့ရပြီးနောက် သတင်းဌာန မှ စုံစမ်းမှု ပြုလုပ်ခဲ့ရာ အခင်းဖြစ်ပွားရာနေရာ တွင် သတင်းထောက် နှစ်ဦး မှ သေဆုံးခဲ့ကြောင်း အတည် ပြုနိုင်ခဲ့သည်။

သတင်းဌာန တာဝန်ရှိသူ မှ ကျွန်တော်တို့ အနေဖြင့် အဘယ်ကြောင့် ပစ်ခတ်ခဲ့ခြင်း နှင့် သံသယ ရှိသူ မှာ မည်သူ ဖြစ်သည် ကို မသိရှိ ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း ရှိ မီဒီယာ များ၏ သတင်းထုတ်ပြန်ချက် များအရ ရဲဌာန မှ သေနတ်ဖြင့် ပြစ်ခတ် ခဲ့သူ ကို စုံစမ်းနေဆဲ ဖြစ်ပြီး သေဆုံးခဲ့သည့် သတင်းထောက် Adam Ward မှာ အသက် ၂၇ နှစ် ဖြစ်ပြီး Alison Parker မှ အသက် ၂၄ နှစ် ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)