Connect with us

North America

လာ့ဗီးဂတ်စ် မြို့တွင် ဘိုးရင်း ၇၇၇ လေယာဉ် မီးလောင်ကျွမ်းမှုဖြစ်

လာ့ဗီးဂတ်စ်ရှိ မက်ကာရန် လေဆိပ် ပြေးလမ်းပေါ်တွင် ဘိုးရင်း ၇၇၇ လေယာဉ် မီးလောင်ကျွမ်းမှု အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ဗြိတိန် လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ် တစ်စင်းသည် အင်္ဂါနေ့ နေ့လည်ပိုင်းက လာ့ဗီးဂတ်စ်မြို့ ရှိ လေယာဉ် ပြေးလမ်းမှ ထွက်ခွာစဉ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း ပြည်တွင်း လေကြောင်းလိုင်း အာဏာပိုင်က ပြောပါသည်။

လန်ဒန် ဂတ်ဝတ်လေဆိပ် ( Gatwick Airport) သို့ ဦးတည်သွားမည့် လေယာဉ်အမှတ် ၂၂၇၆ သည် ပစိဖိတ် စံတော်ချိန် ညနေ ၄း၀၀ နာရီခန့်တွင် ထွက်ခွာခဲ့ပြီး ညနေ ၄း၁၃ နာရီတွင် ဘယ်ဘက် အင်ဂျင်ခန်း မီးလောင်ကျွမ်း ခဲ့သည်ဟု လာ့ဗီးဂတ်စ်ရှိ မက်ကာရန် လေဆိပ် တာဝန်ရှိသူက ပြောသည်။

လေယာဉ် ဝန်ထမ်းများသည် လေယာဉ် ပျံသန်းမှုအား ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး ညနေ ၄း၁၈ နာရီ အချိန်တွင် ခရီးသည်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးနိုင်ခဲ့ကြောင်း လေဆိပ် တာဝန်ရှိသူများက ဆိုပါသည်။

ထိုင်ခုံ ၂၇၅ ခုပါ ဘိုးရင်း ၇၇၇-၂၀၀ လေယာဉ်ပေါ်တွင် လေဆိပ်မှ ထွက်ခွာချိန်၌ ခရီးသည် ၁၅၉ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၃ ဦးပါရှိခဲ့သည်။ မတော်တဆမှု ဖြစ်ပွားစဉ်အတွင်း ခရီးသည် နှစ်ဦး အသေးစား ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု မက်ကာရန် လေဆိပ်မှ အတည်ပြု ပြောကြားခဲ့သည်။

ဗဟို လေကြောင်း စီမံခန့်ခွဲမှု ဌာနကလည်း လေယာဉ် ဘယ်ဘက် အင်ဂျင်ခန်း မီးလောင်ကျွမ်းခဲ့ခြင်းနှင့် ဝန်ထမ်းများ ခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီး မီးလောင်ကျွမ်းရခြင်း အကြောင်းအရင်း ကိုတော့ ရှင်းရှင်းလင်းလင်း မသိ ရသေးကြောင်း ဆိုပါသည်။မက်ကာရန် လေဆိပ် အတွင်းဘက်မှ ရိုက်ကူးထားသော အွန်လိုင်း ဗီဒီယို မှတ်တမ်း တစ်ခုအရ မီးခိုးလုံးမည်း တွေဟာ ဘယ်ဘက် အင်ဂျင်ခန်းထဲက ထွက်လာ၍ ကောင်းကင်ပေါ်သို့ တက်သွားကြောင်းနှင့် မီးတောက်များ ကိုတော့ ရှင်းရှင်း လင်းလင်း မမြင်နိုင်ကြောင်း သိရသည်။
ယင်းမတော်တဆမှုကြောင့် လေယာဉ် ပြေးလမ်းတစ်ခုအား ပိတ်ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.