Connect with us

North America

လေစီးကြောင်းပြောင်းလဲမှုကြောင့် တိုရန်တိုလေဆိပ်အဆင်းတွင် လေယာဉ်မတော်တဆမှုဖြစ်ပွားရာ သုံးဦးဒဏ်ရာရ

ကနေဒါနိုင်ငံ တိုရန်တိုလေဆိပ်၌ မတော်တဆမှုဖြစ်ပွားခဲ့သော လေယာဉ်အား ကနေဒါနိုင်ငံ တိုရန်တိုလေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

တိုရန်တို ၊ ဇူလိုင် ၁၇ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ၌ ဇူလိုင် ၁၆ ရက်က လေစီးကြောင်းပြောင်းလဲတိုက်ခတ်မှုကြောင့် တိုရန်တို လေဆိပ်သို့ဆင်းသက်လာသည့် လေယာဉ်လှုပ်ခါမှု ဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ သုံးဦး ထိခိုက်ဒဏ်ရာရသွားကြောင်း လေကြောင်းတာဝန်ရှိသူများက သတင်းထုတ်ပြန်သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို ့မှ ကနေဒါနိုင်ငံ တိုရန်တိုမြို့သို့ဦးတည် ပျံသန်းလာသော Porter လေကြောင်းလိုင်း၏ ပျံသန်းရေးခရီးစဉ်အမှတ် အမှတ် 720 လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က တိုရန်တိုမြို့ရှိ Billy Bishop လေဆိပ်သို့ဆင်းသက်စဉ် လေစီးကြောင်းပြောင်းလဲ တိုက်ခတ်မှု နှင့်ကြုံတွေ့လိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အသေးစားလေစီးကြောင်းပြောင်းလဲတိုက်ခတ်မှု နှင့်ဆက်စပ်၍ လေယာဉ်အမှုထမ်း နှစ်ဦး မှာ အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လေယာဉ်ကွေ့ဝိုက်ပျံသန်းစဉ်အတွင်း ရရှိခဲ့သော ပွတ်ရာခြစ်ရာ ဒဏ်ရာငယ်တစ်ခုအတွက် လေယာဉ်ခရီးသည်တစ်ဦးကိုလည်း လိုအပ်သောဆေးဝါးကုသမှုများပြုလုပ်ပေးထားကြောင်း သိရသည်။ အဆိုပါ ဝါရှင်တန်-တိုရန်တို လေကြောင်း ခရီးစဉ်တွင် ခရီးသည် ၆၁ ဦးလိုက်ပါလာကြောင်း နှင့် ၎င်းလေယာဉ်သည် Dullesလေဆိပ် နှင့် Billy Bishop လေဆိပ်ကြား အခေါက်ခေါက်အခါခါ အသွားအပြန် ပျံသန်းမောင်းနှင်နေသည့် လေယာဉ်တစ်စင်းဖြစ်သည်။

ကနေဒါနိုင်ငံ လေကြောင်းပို့ဆောင်ရေးလုံခြုံရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က လေယာဉ်မှတ်တမ်းတင်ကိရိယာ ( black box ) ကို စစ်ဆေးနေကြောင်း နှင့် အသေးစိတ်အချက်အလက်ကို သိရှိရန် လိုအပ်သောစုံစမ်းစစ်ဆေးမှုများကိုဆက်လက်ပြုလုပ်လျက်ရှိကြောင်းပြောကြားသည်။
Porter လေကြောင်းလိုင်းသည် တိုရန်တို အခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး အမေရိကန် နှင့် ကနေဒါနိုင်ငံအတွင်း လေယာဉ်ခရီးစဉ် ၂ဝ ကျော်ကို ပျံသန်းပေးနေသော လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.