Connect with us

North America

ဒေါ်နယ်ထရမ့်အား ရီပတ်ပလီကန် ပါတီ သမ္မတလောင်းအဖြစ် တရားဝင် အမည်စာရင်း တင်သွင်း

ရီပတ်ပလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် မဲဆွယ် စည်းရုံးနေစဉ် (ဆင်ဟွာ)

ကလီဗာလန်း ၊ အမေရိကန် ၊ ဇူလိုင် ၂ဝ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ရွေးကောက်ပွဲ အတွက် နယူးယောက်မြို့သား သန်းကြွယ် သူဌေးကြီး ဒေါ်နယ်ထရမ့်အား ရီပတ်ပလီကန် ပါတီ၏ သမ္မတလောင်း အဖြစ် တရားဝင် အမည်စာရင်း တင်သွင်းလိုက်ပြီး ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ဖော် ကြေညာသည်။

အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ Paul Ryan က ပြည်နယ် အလိုက် အဆင့်ဆင့် မဲပေးရွေးချယ်မှု ပြုလုပ်ပြီးနောက် ရီပတ်ပလီကန် ပါတီ သမ္မတလောင်း အတွက် ဒေါ်နယ်ထရမ့်အား တရားဝင် ရွေးချယ်ကြောင်း ကြေညာခဲ့သည်။
“ ပြည်နယ် အသီးသီးမှာ မဲအများဆုံးရခဲ့လို့ ဒေါ်နယ်ထရမ့်ကို ရီပတ်ပလီကန် ပါတီရဲ့ သမ္မတလောင်း အဖြစ် လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါတယ်” ဟု Ryan က ပြောသည်။ နယူးယောက်မြို့အခြေစိုက် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်ဒီစီမြို့နှင့် ပိုင်နက်နယ်မြေ ၅ ခု အပါအဝင် အမေရိကန်နိုင်ငံ အတွင်းရှိ ပြည်နယ်ပေါင်း ၅ဝ ၌ ရီပတ်ပလီကန်ပါတီ ကိုယ်စားလှယ် လောင်းများ၏ ထောက်ခံမဲအများဆုံး ရရှိခဲ့သည်။
သားဖြစ်သူ ဂျူနီယာ ဒေါ်နယ်ထရမ့်က နယူးယောက် ကိုယ်စားလှယ်၏ ထောက်ခံမဲ ရလိုက်ခြင်းမှာ ရီပတ်ပလီကန် သမ္မတလောင်း အမည်စာရင်း တရားဝင် တင်သွင်းခွင့်ရရှိရန် ဖခင်ဖြစ်သူ ဒေါ်နယ်ထရမ့် လိုအပ်နေသော ထောက်ခံမဲ ၁,၂၃၇ မဲ ရရှိရေး အတွက် သေချာခိုင်မာ သွားစေကြောင်း ပြောကြားခဲ့သည်။
“ ကိုယ်စားလှယ်လောင်း တွေထဲမှာ ထိပ်ဆုံးက အရွေးခံရတဲ့အတွက် အဖေ့အတွက် ဂုဏ်ယူပါတယ် ” ဟု သားဖြစ်သူ ဂျူနီယာဒေါ်နယ်ထရမ့် က ဆိုသည်။ ရီပတ်ပလီကန် ပါတီသည် အင်ဒီယားနားမြို့တော်ဝန် Mike Penca က ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။ အဆိုပါ အမည်စာရင်း ရွေးချယ်မှုကို ၅ ရက်ကြာ ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ရီပတ်ပလီကန် ပါတီ ညီလာခံ အပြီးတွင် ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၈ ရက်တွင် ရီပတ်ပလီကန် ပါတီ၌ ထရမ့်အား ဆန့်ကျင်သူများသည် ညီလာခံ စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲ ကျင့်သုံးရန် ကြိုးပမ်းခဲ့ပြီး ထရမ့်အား ပေးထားသော မဲများကို ရုပ်သိမ်း၍ အခြားကိုယ်စားလှယ်လောင်း တစ်ဦးအား ပြောင်းလဲ မဲပေးရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရဘဲ အဆုံးသတ်ခဲ့ရသည်။
ယင်းနေ့မှာပင် ဒေါ်နယ်ထရမ့်၏ ဇနီးဖြစ်သူ Melania သည် မိန့်ခွန်း ပြောကြားရာတွင်၂ဝဝ၈ ခုနှစ်က မစ်ရှဲလ် အိုဘားမား ပြောကြားခဲ့သော မိန့်ခွန်းကို အတုယူ ကူးချ၍ ပြောကြားကြောင်း စွပ်စွဲခြင်း ခံထားရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.