Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် လေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် ၄ ဦး သေဆုံး - Xinhua News Agency
Connect with us

North America

ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် လေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် ၄ ဦး သေဆုံး

ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် ပျက်ကျသွားခဲ့သည့် လေယာဉ်ငယ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၂၉ ရက်ညပိုင်းက ပျက်ကျခဲ့သည့် လေယာဉ်ငယ် တစ်စင်း၏ ပျက်စီးနေသည့် အစိတ်အပိုင်းများအား ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ရှာတွေ့ခဲ့ပြီး လေယာဉ်ပေါ်ပါလာသူ လေးဦးလုံး သေဆုံးနေပြီ ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်ပြည်နယ်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဋ္ဌာနက ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ မှုခင်းဆိုင်ရာ ရေဒါ အချက်အလက်များနှင့် အင်ဂျင် တစ်လုံးထိုး Cessna လေယာဉ်၏ အရေးပေါ် ဆင်းသက်ခြင်း ထုတ်လွှင့်ချက်အတိုင်း ရှာဖွေခဲ့ရာ ဂျက်ဖာဆန်နယ်မြေတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်သည် ဝါရှင်တန်ပြည်နယ်၏ အကြီးဆုံးမြို့ ဖြစ်သည့် ဆီရက်တဲလ်မှ အမေရိကန်နိုင်ငံ အိုလံပစ် ကျွန်းဆွယ် အနောက်မြောက်ဘက် အစွန်အဖျားရှိ ပို့အိန်ဂျယ်သို့ ဒီဇင်ဘာလ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီ ဝန်းကျင်၌ ထွက်ခွာလာကာ နံနက် ၆း၄၄ နာရီ အချိန်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။လေယာဉ်ပေါ်ပါလာသူ တစ်ဦးတစ်ယောက်မျှ အသက်ရှင် ကျန်ရစ်မည် မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူများ၏ အမည်များနှင့် အချက်အလက်များကိုမူ ထုတ်ဖော် ပြောကြားထားခြင်း မရှိပေ။ (Xinhua)