Connect with us

North America

အမေရိကန် နိုင်ငံ ရှိ ချီကာဂို တစ်မြို့တည်းတွင် ယခုနှစ်၌ သေနတ် ပစ်ခတ်မှု ကြောင့် လူပေါင်း ၇၇၀ သေဆုံး

ခရစ္စမတ် ပွဲတော် အတွင်း ချီကာဂို ရှိ နေရာ တစ်နေရာ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ချီကာဂို ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ချီကာဂို မြို့၏ ပြီးခဲ့သည့် ခရစ္စမတ် ပွဲတော် သီတင်းပတ် အပြီးတွင် လူပေါင်း ၆၁ ဦး သေနတ် ပစ်ခတ်မှု ကို ထပ်မံ ခံခဲ့ရပြီး ထိုအတွင်း မှ ၁၁ ဦးမှာ သေဆုံး ခဲ့ရသည်။ဤဖြစ်ရပ်ကြောင့် ချီကာဂို မြို့၏ ယခုနှစ် အတွင်း သေနတ် ပစ်ခတ်မှု ခံခဲ့ရသူ စာရင်းမှာ ၄၃၀၀ ဦးထက်ကျော်လွန် သွားကာ ပစ်ခတ်ခံရသူများအနက် သေဆုံးခဲ့သူမှာ ၇၇၀ ဦး ရှိခဲ့သည်။

ချီကာဂို အခြေစိုက် သတင်း ဌာန သို့ ၂၇ ရက်နေ့က ရဲဌာန မှပေးပို့ခဲ့သည့် အချက်အလက် အရ ဖော်ပြခဲ့သော သတင်း တွင် ယခု နှစ် သေနတ်ပစ်ခတ်မှုများ ကြောင့် ထိခိုက်သေဆုံး ခဲ့သူ စာရင်းသည် ယမန်နှစ် ၏ စုစုပေါင်း စာရင်းထက် များစွာ ကျော်လွန်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ ချီကာဂို မြို့တွင် သေနတ်ပစ်ခတ်မှု ပေါင်း ၂၉၈၉ မှု ဖြစ်ပွား ခဲ့ပြီး ၄၉၂ ဦး သေဆုံး ခဲ့ရသည်။

ချီကာဂို ရဲဘက်ဆိုင်ရာ တာဝန်ရှိသူ Eddie Johnson မှ သေနတ်ပစ်ခတ်မှု များသည် အဓိက အားဖြင့် ဒုစရိုက်ဂိုဏ်း များ ပေါများသည့် မြို့၏ အနောက်ပိုင်း နှင့် တောင် ပိုင်းတွင် ဖြစ်ပွား ခဲ့ကြောင်း ၊ ထိခိုက်သေဆုံး ခဲ့သူများသည်လည်း အများစုမှာ ဒုစရိုက်ဂိုဏ်း အဖွဲ့ဝင် များဖြစ်ကာ အပြစ်မဲ့ သာမန် ပြည်သူများလည်း ထိခိုက်သေဆုံး ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ တတိယ အကြီးဆုံး မြို့ဖြစ်သည့် ချီကာဂို မြို့သည် လူဦးရေ အားဖြင့် ၂.၇ သန်းကျော် ရှိကြောင်း သိရသည်။ လေ့လာသုံးသပ်သူများက ချီကာဂို တွင် ဖြစ်ပွား ခဲ့သည့် အမှုခင်းများ သည် အဓိက အားဖြင့် ပညာအရည်အချင်း နိမ့်ပါးသည့် အာဖရိက လူမျိုးစု များ နေထိုင်ရာ ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်များ တွင် ဖြစ်ပွား ခဲ့ကြကြောင်း ၊ ထို့ပြင် ချီကာဂို မြို့၏ ရဲဝန်ထမ်း အင်အား မလုံလောက်မှု နှင့် တရားမဝင် သေနတ် ကိုင်ဆောင်သူ များအပေါ် အရေးယူမှု ပေါ့လျှော့ခြင်း စသည်တို့ကြောင့် သေနတ်ပစ်ခတ်မှုဖြစ်ပွားနှုန်း အဆက်မပြတ်မြင့်မားခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.