Connect with us

North America

အမေရိကန်တွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၅ဦးသေဆုံး

အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်တွင် ဇန်နဝါရီ ၁၇ရက်က ပျက်ကျခဲ့သည့် ရဟတ်ယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် ရဲတပ်ဖွဲ့က ပြည်နယ်မြို့တော် ဆန်တာဖဲမြို့ အရှေ့မြောက်ဘက် ၂၈၀ကီလိုမီတာ အကွာခန့်ရှိ ရက်တန်မြို့ တွင် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့မှုကြောင့် လူ ၅ဦးသေဆုံးပြီး လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ရက်တွင်ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ပေါ်တွင် လူ ၆ဦးလိုက်ပါလာပြီး နယူးမက္ကဆီကို-ကိုလိုရာဒို နယ်စပ်အနီးရှိ တောင်တန်းများပေါ်တွင် ဇန်နဝါရီ ၁၇ရက် ညနေပိုင်းက ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဟတ်ယာဉ်သည် ရက်တန်စည်ပင်သာယာရေးလေဆိပ် အရှေ့ဘက် ၂၅ကီလိုမီတာ အကွာခန့်၌ ဇန်နဝါရီ ၁၇ ရက် ညနေ ၆နာရီ ပတ်ဝန်းကျင်တွင် ပျက်ကျသွားခြင်းဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက ယူဆကြသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ယင်းလေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရန် ဖယ်ဒရယ်လေကြောင်းစီမံခန့်ခွဲရေး (FAA) မှ စုံစမ်းစစ်ဆေးရေးမှူးများ ဇန်နဝါရီ ၁၈ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.