Connect with us

North America

သမ္မတဒေါ်နယ်ထရမ့်သက်တမ်း ၁ နှစ်ပြည့်ချိန်တွင် နယူးယောက်မြို့၌ လူပေါင်း ၁၂ဝ,ဝဝဝ ကျော်ဆန္ဒပြ

နယူးယောက် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီ ၂ဝ ရက်တွင် လူထောင်ပေါင်းများစွာသည် လမ်းမများပေါ်၌ အမျိုးသမီးအခွင့်အရေး ၊ ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေးများအပါအဝင် သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒများအပေါ် တိုက်ရိုက်ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အမေရိကန်အစိုးရယန္တယားရပ်စဲမှု ဖြစ်ပွားပြီး ၁၂ နာရီအကြာ နှင့် သမ္မတဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ပြီးနောက် တစ်နှစ်တိတိအကြာတွင် ဒုတိယအကြိမ်မြောက် အမျိုးသမီးချီတက်ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ လူထောင်ပေါင်းများစွာ ဆန္ဒပြနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်မြို့တော်ဝန် အကြီးတန်းအကြံပေးတစ်ဦးဖြစ်သူ Andrea Hagelgans က ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဆန္ဒပြသူ ၁၂ဝ,ဝဝဝ ကျော် ရှိကြောင်း ရေးသားဖော်ပြခဲ့သည်။“ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတန်ဖိုးကို ကာကွယ်ဖို့ဆန္ဒပြနေကြတာပါ။ လူတွေရဲ့ အခွင့်အရေးကို လေးစားဖို့တန်ဖိုးထားဖို့ပဲဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ မက္ကဆီကန်တွေ ၊ ရွှေ့ပြောင်းအခြေချတွေ ၊ ဟေတီတွေ ၊ အာဖရိကန်တွေ အမျိုးစုံ ပါဝင်ပါတယ်” ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ John Mclean က ဆိုသည်။

၎င်းသည် အမျိုးသမီးအခွင့်အရေးကို ထောက်ခံရန် နယူးဂျာစီပြည်နယ်မှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။“ သမ္မတထရမ့်ကို လေးစားစိတ် နည်းနည်းလေးပဲ ရှိတယ်။ သူဟာ အမျိုးသမီးတွေ နဲ့ရွှေ့ပြောင်းအခြေချတွေကို ဆန့်ကျင်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်ရဲ့ ရပ်တည်ချက်ကို သူက ဆန့်ကျင်နေတာပါ” ဟု ၎င်းက ဆိုသည်။(Xinhua)