North America
အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံ ခေါင်းဆောင် ရောလ် ကက်စထရိုအား ခရီးသွားခွင့် ပိတ်ပင်

ဝါရှင်တန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျူးဘား ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး ရောလ် ကက်စထရို (Raul Castro) နှင့် ၎င်း၏ သားသမီးများအား စက်တင်ဘာ ၂၆ ရက်က ခရီးသွားခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
ကက်စထရို၏ “လူ့အခွင့်အရေး ချိုးဖောက်မှုများ” နှင့် ဗင်နီဇွဲလားအရေးတွင် ကျူးဘား၏ အခန်းကဏ္ဍကြောင့် ၎င်းနှင့် ၎င်း၏ သားသမီးလေးဦးအား အမေရိကန်သို့ ပြည်ဝင်ခွင့်အတွက် သင့်လျော်မှုမရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) က ကြေညာချက်တွင် ပြောကြားထားသည်။
ကျူးဘား သံတမန်များအား “ရိုင်းပျသော အသရေဖျက်မှု” အဖြစ် အမေရိကန်၏ စွပ်စွဲချက်နှင့် အသစ်ထုတ်ပြန်လိုက်သော ကန့်သတ်မှုများက နှစ်နိုင်ငံ သံတမန်ရေးတင်းမာမှုများ အရှိန်မြှင့်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျူးဘား နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂုဇ် (Bruno Rodriguez) က ဝေဖန်ပြောကြားလိုက်သည်။ (Xinhua)