Connect with us

North America

5G ဆက်သွယ်မှု သို့ တက်လှမ်းရာ တွင် တရုတ် နိုင်ငံ က ကမ္ဘာ့ထိပ်ဆုံးနေရာ တွင် ရောက်ရှိနေကြောင်း အမေရိကန် Qualcomm အမှုဆောင်အရာရှိချုပ် ပြောကြား

အမေရိကန် နိုင်ငံ Qualcomm ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မော်လန်ကော့ပ်ဖ် (Mollenkopf) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဒီယာကို ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Qualcomm ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မော်လန်ကော့ပ်ဖ် (Mollenkopf) က 5G ဆက်သွယ်မှု သို့ တက်လှမ်းရာ တွင် တရုတ် နိုင်ငံ က အစစ်အမှန် ကမ္ဘာ့ထိပ်ဆုံးနေရာ တွင် ရောက်ရှိနေကြောင်း စက်တင်ဘာ ၂၄ ရက် ၌ ဆင်ဟွာသတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြားရာတွင် ပြောကြား ခဲ့သည်။

မော်လန်ကော့ပ်ဖ် က Qualcomm ကုမ္ပဏီ အနေဖြင့် တရုတ် နိုင်ငံ က 5G နည်းပညာ ကဏ္ဍ တွင် ဦးဆောင်နေမှု ကို မြင့်မားစွာ အကောင်းမြင်ထားကြောင်း ၊ တရုတ် နိုင်ငံ နှင့် တယ်လီကွန်း ကဏ္ဍ တွင် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အား ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားပြီး အတူတကွ ကမ္ဘာ့ 5G ကွန်ယက် ချထားမှု နှင့် နည်းပညာ တီထွင်ဆန်းသစ်မှု ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ 5G ကွန်ယက် ချထားမှု နှင့် 5G နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု တို့က အလွန်လျှင်မြန်သောကြောင့် မိမိ အား အံသြမိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် မော်လန်ကော့ပ်ဖ် က 5G နည်းပညာ က မြန်နှုန်းမြင့်ခြင်း ၊ နှောင့်နှေးမှု နည်းခြင်း နှင့် ယုံကြည်စိတ်ချရမှု မြင့်မားခြင်း စသည့် ထူးခြားမှုများ ရှိသောကြောင့် ခေတ်သစ် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ၏ ဦးတည်ချက် နှင့် ဒစ်ဂျစ်တယ် စီးပွားရေး ၏ အရေးပါသော အခြေခံအဆောက်အဦ ဖြစ်ကြောင်း ၊ ယခုနှစ် မတ်လ တွင် တရုတ် နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက် ဌာန က တရုတ် နိုင်ငံ ၏ အဓိက တယ်လီကွန်း ကုမ္ပဏီ ၃ ခု နှင့် တရုတ် နိုင်ငံ ရေဒီယို နှင့် ရုပ်မြင်သံကြား ကုမ္ပဏီ တို့အား 5G လုပ်ငန်းသုံး လိုင်စင်များ ချထားပေးခဲ့သောကြောင့် တရုတ် နိုင်ငံ ၏ 5G စီးပွားရေး လုပ်ငန်းသုံး ခေတ်ကာလ ကို စတင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ 5G က ကမ္ဘာ့ အတွက် မြန်နှုန်းမြင့်ခြင်း တစ်ခုတည်းသာ ပေးနိုင်ခဲ့ခြင်း မဟုတ်ဘဲ နည်ရှိုင်းမှု ၊ မြင့်မားမှု ၊ ကျယ်ပြန့်မှု နှင့် အားကောင်းမှု စသည့် ဘက်စုံပြောင်းလဲမှု တို့ကို သယ်ဆောင်ပေးနိုင်ခဲ့ကြောင်း ၊ Qualcomm အနေဖြင့် တရုတ် နှင့် အခွင့်အလှမ်း အား အတူတကွ မျှဝေသွားလိုပြီး 5G အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အား အတူတကွ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)