North America
အမေရိကန်နိုင်ငံ အာကန်ဆက်စ်မြို့ နိုက်ကလပ်တွင် ပစ်ခတ်မှုဖြစ်ပွားရာ လူ၂၈ဦးဒဏ်ရာရရှိ

ဟူစတန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အာကန်ဆက်စ်ပြည်နယ် Little Rock မြို့ရှိ နိုက်ကလပ်တစ်ခုတွင် ဇူလိုင်၁ ရက် နံနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒေသခံရဲတပ်ဖွဲ့က ဒဏ်ရာရရှိသူ များ၏ အခြေအနေ တည်ငြိမ်ကောင်းမွန်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ပစ်ခတ်မှုသည် Little Rockမြို့ ရှိ Power Ultra Lounge နိုက်ကလပ်တွင်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများသည် အသက် ၁၆နှစ် မှ ၂၀ကျော် အတွင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်သည် အကြမ်းဖက်မှုနှင့် ဆက်နွယ်နေခြင်းမရှိဟု ယုံကြည်ရကြောင်း၊ စကားများ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့သည့်ဟု ယူဆရပြီး သေနတ်ပစ်ခတ်မှုအား စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က နောက်ထပ် အသေးစိတ်အချက်အလက်များကို သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန်သွားမည်ဟု မျှော်လင့်ရသည်။ (ဆင်ဟွာ)