Connect with us

North America

လာမည့် ရက်သတ္တပတ်တွင် ပြုလုပ်မည့် G-20 ထိပ်သီးအစည်းအဝေးတွင် ထရမ့်နှင့် ပူတင် တို့ တွေ့ဆုံမည်

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ဝဲ) နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် (ယာ)တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် သည် ဂျာမနီနိုင်ငံ ဟမ်းဘက်မြို့တွင် လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေး တွင် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် က ဇွန်လ ၂၉ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး H.R. McMaster က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ၌ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံဆွေးနွေးပွဲအတွက် ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ သမ္မတ ပြောဆိုလိုသည့် အကြောင်းအရာများကိုသာ ဆွေးနွေးပြောကြားသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

အမေရိကန် နှင့် ရုရှားနိုင်ငံ တို့သည် ဆီးရီးယား ပဋိပက္ခ၊ ယူကရိန်းအရေးအခင်း နှင့် နေတိုးတပ်ဖွဲ့ဝင်များ တိုးချဲ့ရေး အစရှိသည့် အရေးကိစ္စများတွင် ရပ်တည်ချက်များတူညီမှုမရှိဘဲ တင်းမာမှုများ မြင့်တက်လာနေသည့်ကြားက နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံမည့် အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဧပြီလတွင် ထရမ့် က အမေရိကန်နိုင်ငံ သည် ရုရှားနိုင်ငံ နှင့် လုံးဝလက်တွဲဆောင်ရွက်သွားမည်မဟုတ်ကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေး သည်လည်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်မြို့ ၌ မေလလယ်လောက်တွင် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံစဉ် ထရမ့် က နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လိုကြောင်း ၎င်း၏ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။

ဇွန်လအစောပိုင်းတွင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် က အမေရိကန်နိုင်ငံ သည် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး တည်ငြိမ်အောင်ဆောင်ရွက်လိုကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေးသည် နိမ့်ကျနေကြာင်း ပြောကြားခဲ့သည်။

တေလာဆန် က နှစ်နိုင်ငံ ဆက်ဆံရေး သည် အနိမ့်ဆုံးအခြေအနေတွင်ရှိနေပြီး နောက်ထပ်လည်းယိုယွင်းလာသည့်အတွက် ဆက်ဆံရေး တည်ငြိမ်အောင် ရည်ရွယ်ချက်ထားလုပ်ဆောင်သွားမှာဖြစ်ကြောင်း လွှတ်တော်အမတ်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.