Connect with us

North America

အမေရိကန် အနောက်အလယ်ပိုင်း တွင် လေယာဉ်ငယ်တစ်စီးပျက်ကျရာ လူ ၆ဦးသေဆုံး

လေယာဉ်ငယ် ပျက်ကျရာသို့ ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးဝန်ထမ်းများရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း ဝစ်ကွန်ဆင်ပြည်နယ် ၌ ဇူလိုင် ၁ရက် က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လူ ၆ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာန ABC 7 ကဖော်ပြခဲ့သည်။

ဒေသခံအာဏာပိုင်များက လေယာဉ်ပျက်ကျမှုသည် ဝစ်ကွန်ဆင်ပြည်နယ် မြောက်ပိုင်း ဖိလစ်မြို့ အနီးတွင် နံနက် ၃း၂၁နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လေယာဉ်ပျက်အား ဟာမိုနီမြို့ ရှိ ပြည်နယ်အဝေးပြေးလမ်း အမှတ် ၁၁၁ နှင့် အမေရိကန် အဝေးပြေးလမ်း အမှတ် ၈ အနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ABC 7 က သေဆုံးသွားသူအားလုံးသည် လူကြီးများဖြစ်ပြီး ၎င်းတို့အနက် ၂ဦးမှာ Illinois ပြည်နယ်မှ Charles Tomlitz နှင့် Thomas Demauro တို့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ဒေသခံအာဏာပိုင်များက လေယာဉ် သည် ချီကာဂို မှ ကနေဒါနိုင်ငံသို့ ငါးဖမ်းထွက်ရန် ပျံသန်းလာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားပို့ဆောင်မှုဘေးအန္တရာယ်ကင်းရှင်းရေး ဘုတ်အဖွဲ့ (NTSB) စုံစမ်းရေးမှူးများက လေယာဉ်မှူး နှင့် လေကြောင်းထိန်းချုပ်သူများအကြား ပြည်တွင်းရာသီဥတုဖြစ်စဉ် နှင့် ပတ်သက်၍ ပြောဆိုမှုတစ်ခု ရှိခဲ့ကြောင်း၊ ယင်းပြောဆိုမှု အပြီးမကြာမီ လေယာဉ်သည် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။NTSB၊ ပြည်တွင်းလေကြောင်းစီမံခန့်ခွဲရေးဋ္ဌာန နှင့် ရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍ လေယာဉ်ပျက်ကျမှုကို စုံစမ်းနေသော်လည်း စုံစမ်းစစ်ဆေးမှုသည် အချက်အလက်ရှာဖွေသည့် အဆင့်တွင်သာ ရှိနေသေး၍ ပျက်ကျရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်းသိရသည်။လေယာဉ်ငယ်သည် Cessna 421 လေယာဉ်ဖြစ်ပြီး လေယာဉ်မှူးသည် ၎င်းအား မောင်းနှင်ရန် လက်မှတ်ရရှိထားသူဖြစ်ကြောင်း စုံစမ်းရေးမှူးများကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117