North America
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသောကြောင့် လူ ၃ ဦး သေဆုံး

ချီကာဂို ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံအလယ်ပိုင်း အီလီနွိုက်ပြည်နယ် Rockford မြို့တွင် ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ဒေသခံရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားငယ်အား ဖမ်းဝရမ်း ချက်ချင်း ထုတ်ထားကြောင်း သိရှိရသည်။
သေနတ်ပစ်ခတ်မှုမှာ နိုက်ကလပ်အငှားဘတ်စ်ကားတစ်စီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ကနဦးစစ်ဆေးချက် များအရ ထိုကားတွင်လိုက်ပါစီးနင်းသူ အသက် ၂၂ အရွယ်အမျိုးသားမှာ ပြစ်မှုကျူးလွန်သည်ဟု သံသယ ဖြစ်ဖွယ်ရှိသည်ဟု ယူဆရကြောင်း၊ ယခု ထိုအမျိုးသားမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ၊ ထိုအမျိုးသားကိုတွေ့ရှိပါက အသိပေးအကြောင်းကြားရန် အများပြည်သူကို အသိပေးထားပြီးကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောခဲ့သည်။ (Xinhua)