North America
အမေရိကန် ဟူစတန်လေဆိပ်အနီးတွင် ဘိုးအင်း ကုန်တင်လေယာဉ်တစ်စင်းပျက်ကျ

နယူးယောက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဟူစတန်မြို့ ဂျော့ဘုရှ်အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီးရှိ ပင်လယ်အော်တစ်ခု အတွင်းသို့ လူ ၃ဦးလိုက်ပါလာသော ဘိုးအင်း ၇၆၇ ကုန်တင်လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၂၃ ရက်က ပျက်ကျသွားခဲ့ကြောင်း ဖယ်ဒရယ်လေကြောင်းဦးစီးဌာန (FAA) ကပြောကြားခဲ့သည်။
Altas Air Flight 3591 လေယာဉ်သည် မီယာမီမြို့ မှ ဟူစဆန်မြို့သို့ ပျံသန်းလာစဉ် လေဆိပ်၏ အရှေ့တောင်ဘက် မိုင်၃၀ ( ၄၈ကီလိုမီတာ) အရောက်၌ ရေဒါ နှင့် ရေဒီယို အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း FAA ကပြောကြားခဲ့သည်။
အမျိုးသားပို့ဆောင်ရေးဆိုင်ရာဘေးအန္တရာယ် ကင်းရှင်းရေး ဘုတ်အဖွဲ့ (NTSB) က အဆိုပါ ဖြစ်စဉ်အား ကိုင်တွယ်စစ်ဆေးနေကြောင်း FAA၏ ထုတ်ပြန်ချက်တစ်ခု အရ သိရသည်။
ဘိုးအင်းကုမ္ပဏီ က အဆိုပါ မတော်တဆမှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို စုဆောင်းနေကြောင်း တွစ်တာ၌ရေးသားခဲ့သည်။ (Xinhua)