North America
အလက်စကာ တွင် အင်အား ၆.၅ပမာဏရှိ ငလျင်ပြင်းလှုပ်ခတ်သွား

နယူးယောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Tanaga မီးတောင် တောင်ဘက် ၆၅ကီလိုမီတာ အကွာ တွင် သြဂုတ်၁၅ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၅၆း၅၄ နာရီ က အင်အား ၆.၅ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။
ငလျင်သည် မြောက်လတ္တီကျု ၅၁.၃ဒီဂရီ၊ အနောက်လောင်ဂျီကျု ၁၇၈.၁ဒီဂရီ ရှိ မြေပြင် အနက် ၃၅ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)