Connect with us

North America

သမ္မတထရမ့်က အမေရိကန်ကာကွယ်ရေးအသုံးစရိတ် ၇၁၆ ဘီလီယံကို လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အမျိုးသားကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း(NDAA) အတွက် အမေရိကန်ဒေါ်လာ ၇၁၆ ဘီလီယံကို ခွင့်ပြုကြောင်း သြဂုတ် ၁၃ ရက်တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။

အဆိုပါ ကာကွယ်ရေးအသုံးစရိတ်သည် ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ ရီပတ်ဗလီကန်ပါတီ သမ္မတလောင်းတစ်ဦးဖြစ်ခဲ့သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ထရမ့်၏ ဦးဆောင်မှုအပေါ် ပါတီအတွင်း အဓိက ဝေဖန်ထောက်ပြခဲ့သည်။

နယူးယောက်မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သော Fort Drum ၌ ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲမတိုင်မီ သမ္မတထရမ့်က မိန့်ခွန်းပြောကြားခဲ့သော်လည်း ကန့်ကွက်မှုပြုလုပ်ခဲ့သော လွှတ်တော်အမတ် နာမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အဆိုပါ အသုံးစရိတ်တွင် ပင်တဂွန်စစ်ဌာနချုပ်အတွက် ဘက်ဂျက်ငွေ ၆၁၆.၉ ဘီလီယံကျော် ၊ နျူကလီးယားလက်နက်များအတွက် ၂၁.၉ ဘီလီယံ နှင့် စစ်ရံပုံငွေအတွက် ၆၉ ဘီလီယံ ပါဝင်ကြောင်းသိရသည်။

ထို့ပြင် စစ်မှုထမ်းများအတွက် လစာငွေ ၂.၆ ရာခိုင်နှုန်းတိုးမြှင့်ပေးခြင်းလည်း ပါဝင်ပြီး အမြဲတမ်းတပ်ဖွဲ့ဝင် ၁၅,၆ဝဝ ဦးကို အဆင့်တိုးမြှင့်ပေးခြင်း၊ စစ်သင်္ဘောသစ် ၁၃ စင်း နှင့် F-35 ဂျက်တိုက်လေယာဉ် ၇၇ စင်း ဝယ်ယူခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ အသုံးစရိတ်ဥပဒေကြမ်းကို အိမ်ဖြူတော်၏ အတည်ပြုချက်ဖြင့် ဆီးနိတ်လွှတ်တော်၌ သြဂုတ် ၁ ရက်က ထောက်ခံမဲ ၈၇ မဲ ကန့်ကွက်မဲ ၁ဝ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း အိမ်ဖြူတော် နှင့် ဆီးနိုတ်လွှတ်တော်တို့သည် အမျိုးသားကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းအတွက် အတူတကွ လုပ်ဆောင်ကြရပြီး ၎င်းဥပဒေသည် သက်ဆိုင်ရာ ကော်မတီများကသတ်မှတ်မည့် ရံပုံငွေအသုံး ပြုခြင်းဆိုင်ရာ မူဝါဒပိုင်းကို ချမှတ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.