Connect with us

North America

အမေရိကန် အထက်တန်းကျောင်းတွင် ကျောင်းသူတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံရ

အမေရိကန်အထက်တန်းကျောင်းတွင် ဓားထိုးခံရသည့် ကျောင်းသူအား ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားစဉ် (ဆင်ဟွာ)

ဟူစတန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အိုကလာဟိုးမားမြို့ အရှေ့မြောက်ဘက် ၄၅ကီလိုမီတာခန့် ရှိ လူသာမြို့ အထက်တန်းကျောင်းတစ်ကျောင်း ၌ ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သည့် သြဂုတ် ၁၆ ရက်တွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံခဲ့ရကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့၏ပြောကြားချက်အရ လူသာအထက်တန်းကျောင်း ၏ ကျောင်းခန်းမ၌ မိတ်ဆက်ပွဲပြုလုပ်နေစဉ်အတွင်း ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေသော်လည်း အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၂ဦး သည် မည်သို့သိရှိပြီး အဘယ်ကြောင့် ဓားထိုးမှုဖြစ်ပွားရသည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများအတွင်း စာသင်ကျောင်းအား ပိတ်ထားခဲ့ပြီး အဆိုပါကျောင်းတွင် ကျောင်းသား၊ကျောင်းသူ အယောက် ၂၅၀ စာသင်ကြားကြကြောင်း သိရသည်။

လူသာမြို့သည် အိုကလာဟိုးမားစီရင်စု ရှိ မြို့တစ်မြို့ဖြစ်ပြီး အိုကလာဟိုးမားမြို့ဧရိယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ခန့်မှန်းလူဦးရေ ၁,၂၀၀ခန့် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117