North America
“အလိမ်အညာ အမေရိကန်ပုံစံ လူအခွင့်အရေးများ”ကို ဖော်ထုတ်ထားခြင်း ဆောင်းပါး တရုတ်နိုင်ငံက ထုတ်ဝေ

ပေကျင်း ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)
လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသော တရုတ်နိုင်ငံမှ လူမှုအဖွဲ့အစည်း တစ်ခုက ယနေ့ ဇူလိုင် ၉ ရက်တွင် ဆောင်းပါး တစ်ပုဒ်ထုတ်ဝေခဲ့ပြီး ယင်းဆောင်းပါးထဲတွင် အမေရိကန်နိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့ဂုဏ်သိက္ခာ နှင့် အခြေခံအခွင့်အရေးများ ထိပါးစော်ကားခံနေရပုံ နှင့် အလွန်ပြင်းထန်သော လူဝင်မှုကြီးကြပ်ရေး မူဝါဒများချမှတ်ထားပုံ အကြောင်းအရာများကို သက်သေပြဖော်ထုတ်ထားသည့် “အမေရိကန်ပုံစံ လူအခွင့်အရေးများ”၏ အလိမ်အညာများ အကြောင်းကို ဆောင်းပါးထဲတွင် လှစ်ဟပြသထားသည်။
အမေရိကန်နိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများအား ဆန့်ကျင်ဟန့်တားသည့် ဘာသာရေး ၊ ယဉ်ကျေးမှု နှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုများ ဆက်လက် ဖြစ်ပေါ်နေရာ တင်းမာမှုများ မြင့်တက်လာနေပုံအကြောင်းကို ဆောင်းပါးတွင် ဖော်ပြထားသည်။ ယင်းဆောင်းပါးကို ရွှေ့ပြောင်းနေထိုင်သူများအပေါ် ဆိုးဆိုးရွားရွားခွဲခြားဆက်ဆံခြင်း နှင့် ရက်စက်စွာပြုမှုခြင်း ဆိုင်ရာ အမေရိကန်ပုံစံ လူ့အခွင့်အရေး အလိမ်အညာများ “ Serious Discrimination Against and Cruel Treatment of Immigrants Fully Expose Hypocrisy of ‘U.S.-Style Human Rights’.” ဟူ၍ ခေါင်းစဉ်အမည်ပေးထားကြောင်း သိရသည်။(Xinhua)