Connect with us

North America

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၃ သန်း နီးပါး အထိ ရှိလာ

အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဆက်စပ်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ်၏ ဇူလိုင် ၆ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂.၉ သန်းကျော် အထိ ရောက်ရှိလာကြောင်း သိရသည်။

အမေရိကန် နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၆ ရက် ၁၅ နာရီ ၃၃ မိနစ် အချိန်ထိ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၉၁၁,၈၈၈ ဦး အထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၃၀,၁၀၁ ဦး အထိ ရောက်ရှိလာကြောင်း ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဆက်စပ်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဆက်စပ်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဆက်စပ်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဆက်စပ်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဆက်စပ်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဆက်စပ်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဆက်စပ်မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

စာရင်းပြုစုချက်များ အရ အမေရိကန် နိုင်ငံ ၌ ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား သည့် ပြည်နယ်မှာ နယူးယောက် ပြည်နယ် ဖြစ်ပြီး ရောဂါ ကူးစက်ခံခဲ့ရသူ ၃၉၇,၆၄၉ ဦး နှင့် သေဆုံးသူ  ၃၂,၂၁၉ ဦး ရှိခဲ့ကြောင်း ၊ ရောဂါ ကူးစက်ခံရသူ တစ်သိန်း အထက်ရှိသော ပြည်နယ်များ မှာ ကယ်လီဖိုးနီးယား ၊ ဖလော်ရီဒါ ၊ တက္ကဆက် ၊ နယူးဂျာစီ ၊ အီလီနွိုက်စ် ၊ မက်ဆာချူးဆက် နှင့် အရီဇိုးနား ပြည်နယ် တို့ ဖြစ်ကြကြောင်း သိရသည်။  (Xinhua)