North America
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန်အား ရာထူးမှ ဖယ်ရှား၍ CIA ညွှန်ကြားရေးမှူးဖြင့် အစားထိုးမည်ဟု ထရန့်ပြောကြား

ဝါရှင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson)အား ရာထူးမှ ဖယ်ရှားပြီး ယင်းရာထူးအတွက် CIA ထောက်လှမ်းရေး အဖွဲ့ညွှန်ကြားရေးမှူး Mike Pompeo ဖြင့်အစားထိုး ခန့် အပ်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃ ရက်က ၎င်း၏ တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ် ၌ရေးသားခဲ့သည်။
” နိုင်ငံခြားရေး ဝန်ကြီးရာထူးအတွက် CIA ညွှန်ကြားရေးမှူး Mike Pompeo ကို အစားထိုးသွားဖို့ရှိပါတယ်။ သူက အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ တာဝန်ထမ်းဆောင်ခဲ့မှုတွေအတွက် တေလာဆန် ကိုကျေးဇူးတင်ပါတယ်” ဟု ထရမ့်က ဆိုသည်။(Xinhua)