Connect with us

North America

နယူးယောက်မြို့၌ ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားရာ ၂ ဦးသေ ၊ ၃ ဦးအပြင်းအထန်း ဒဏ်ရာရ


နယူးယောက် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ အရှေ့မြစ်ထဲသို့ မတ်လ ၁၁ ရက် ညဦးပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရှိသွားကြောင်း နှင့် အခြားလူ ၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းများက ဆိုသည်။

“ နယူးယောက်မြို့အရှေ့ပိုင်းမြစ်ထဲကို ယနေ့ည အစောပိုင်းက ရဟတ်ယာဉ်တစ်စင်းပျက်ကျသွားတယ်” ဟု နယူးယောက်မြို့ရဲဌာန(NYPD) ၏ တွစ်တာလူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်မြို့တော်ဝန် Bill de Blasio ၏ ပြောခွင့်ရပုဂ္ဂိုလ် Eric Phillips က “ အနည်းဆုံးတစ်ယောက်အသက်ရှင်တယ်။ နှစ်ယောက် သေဆုံးသွားတယ်။ ရေငုပ်သမားတွေက ရှာဖွေမှုတွေ လုပ်နေဆဲပါပဲ” ဟု ၎င်း၏ တွစ်တာအကောင့်တွင်ရေးသားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.