Connect with us

North America

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန်အား ရာထူးမှ ဖယ်ရှား၍ CIA ညွှန်ကြားရေးမှူးဖြင့် အစားထိုးမည်ဟု ထရန့်ပြောကြား

ရာထူးမှ ဖယ်​ရှားခြင်းခံရ​သော အ​မေရိကန်​နိင်​ငံခြား​ရေးဝန်​ကြီး​တေလာဆန်​အား​တွေ့ ရစဉ်​(ဆင်​ဟွာ)

ဝါရှင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson)အား ရာထူးမှ ဖယ်ရှားပြီး ယင်းရာထူးအတွက် CIA ထောက်လှမ်းရေး အဖွဲ့ညွှန်ကြားရေးမှူး Mike Pompeo ဖြင့်အစားထိုး ခန့် အပ်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃ ရက်က ၎င်း၏ တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ် ၌ရေးသားခဲ့သည်။

” နိုင်ငံခြားရေး ဝန်ကြီးရာထူးအတွက် CIA ညွှန်ကြားရေးမှူး Mike Pompeo ကို အစားထိုးသွားဖို့ရှိပါတယ်။ သူက အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ တာဝန်ထမ်းဆောင်ခဲ့မှုတွေအတွက် တေလာဆန် ကိုကျေးဇူးတင်ပါတယ်” ဟု ထရမ့်က ဆိုသည်။(Xinhua)